Connect with us

Hi, what are you looking for?

News

ဘားအံမြို့ထဲမှာ ဒီမနက် ဖုန်း​​တွေစစ်​နေ

ဘားအံမြို့မှာ ဒီကနေ့မနက် စစ်ကောင်စီတပ်ဖွဲ့တွေက ဆိုင်ကယ်တက်စီဂိတ်နဲ့ ကွမ်းယာဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာ ထိုင်နေတဲ့ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ကြုံတွေ့နေရတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

” ဇွဲကပင်ပလာရှေ့နားဝန်းကျင်တစ်ဝိုက်မှာ စစ်ကောင်စီရဲတွေက ကွမ်းယာဆိုင်တွေ လက်ဘက်ရည်ဆိုင် ဆိုင်ကယ်တက်စီဂိတ်တွေနဲ့ လမ်းဘေးမှာရပ်နေတဲ့ ပြည်သူတွေထံကနေ ဖုန်းတွေယူပြီး စစ်ဆေးနေတယ်။ နောက် သွားလာနေတဲ့ ကားဆိုင်ကယ်တွေကို တားစီးစစ်ဆေးနေတာကို တွေ့ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့အဝင် အထွက်နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးတာတွေ ပိုလုပ်ဆောင်လာနေပြီး အခုလိုစစ်ဆေးမှုတွေကြောင့် သွားလာနေတဲ့ ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက်များစွာဖြစ်ရတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Facebook