Connect with us

Hi, what are you looking for?

News

ထောင်ထဲမှာ သေဆုံးသွားတဲ့ လေယာဥ်အင်ဂျင်နီယာ ကိုမင်းမင်းစိုးကို ဒီနေ့ သင်္ဂြိုဟ်မယ်

လေကြောင်းတက္ကသိုလ် အပတ်စဥ် ၅ ဆင်း ကိုမင်းမင်းစိုး အခုလိုမတရားစွပ်စွဲဖမ်းဆီးခံရခြင်းအတွက် မိသားစုနဲ့ထပ်တူဝမ်နည်းကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

လေယာဥ် Pitot Tube ထဲ သစ်ရွက်တွေထည့်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီဖမ်းဆီးတာခံခဲ့ရတဲ့ လေယာဥ်အင်ဂျင်နီယာ ကိုမင်းမင်းစိုးဟာ အင်းစိန်ထောင်ထဲမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ဖခင်ကအတည်ပြုပါတယ်။

ကိုမင်းမင်းစိုးရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာ ဒီကနေ့ညနေ ၃ နာရီမှာ သင်္ဂြိုဟ်မယ်လို့ ကိုမင်းမင်းစိုးရဲ့ ဖခင်က ဦးစိုးပိုင်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက် ညပိုင်းက သေဆုံးခဲ့တာဖြစ်ပြီး မိသားစုတွေ ၁၈ ရက်မနက်မှာ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတက္ကသိုလ် အပတ်စဥ် ၅ ဆင်း ကိုမင်းမင်းစိုး အခုလိုမတရားစွပ်စွဲဖမ်းဆီးခံရခြင်းအတွက် မိသားစုနဲ့ထပ်တူဝမ်နည်းကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

Air KBZ လေကြောင်းလိုင်းလေယာဥ် Pitot Tube ထဲ သစ်ရွက်တွေထည့်ပြီးလေယာဥ်ပျက်ကျအောင်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုမင်းမင်းစိုးက စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ကုမ္ပဏီရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိလို့ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေ စိတ်ဒုက္ခခံစားရတာ” လို့ ဖခင်ဖြစ်သူ ဦးပိုင်းစိုးက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။