Connect with us

Hi, what are you looking for?

News

ချင်းပူးပေါင်းတပ်တိုက်ခိုက်၍ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ကျော်သေ၊ ယာဉ် ၁၆စီး ပျက်စီး

လမ်း – ဟားခါးလမ်းသည် ၄၅မိုင်ခန့်သာ ကွာဝေးသော်လည်း စစ်ကောင်စီတပ်သည် တစ်ပတ်ကြာသည်အထိ ၎င်းတို့၏ ရည်မှန်းချက် ဟားခါးသို့မရောက်နိုင်ဘဲ ဖြစ်နေသည်။

(ချင်းအမျိုးသားတပ်ဦး(CNF)တပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် ဟားခါးမြို့သို့လာသည့် စစ်ကောင်စီတပ်ကို လမ်းခရီး၌ ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ ထက်မနည်းသည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ အောင်တိုဘာ ၁၂ရက်တွင်ရောက်ရှိပြီး အောက်တိုဘာ ၁၃ရက်တွင် ဟားခါးသို့ ဆက်လက် ထွက်ခွာလာရာ CNF၏ လက်နက်ကိုင်တပ် ချင်းအမျိုး သားတပ်မတော်(CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်ပတ်အတွင်း တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ယာဉ် ၁၆စီးထက်မနည်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀မှ ၃၀ဦးအကြား သေဆုံးနိုင်ပြီး ဒဏ်ရာရသူ ၄၀ ကျော်ရှိနိုင်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းပြောကြားသည်။ တိုက်ပွဲအတွင်း ချင်းလက်နက်ကိုင်ပူးပေါင်းတပ်မှ တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

“အဲဒီလို ကျွန်တော်တို့ဘက်က အထိအခိုက်က တစ်ယောက်လောက် ရှိတယ်ဆိုတာ ယုံနိုင်စရာလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ချင်းပြည်နယ်က ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ပုံစံက ခြုံခိုတိုက်ပွဲ ပုံစံနဲ့ ကျ တိုက်တာ ဆိုတော့ ကျွန်တော်တို့ဘက်က အကုန် အကာအကွယ်တွေကြိုတင်ယူထားတာမျိုး နယ်မြေကျွမ်းကျင်တာမျိုးရှိတယ်ဆိုတော့ အထိအခိုက်က တော်တော်နည်းသွားတာဖြစ်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ဖလမ်း – ဟားခါးလမ်းသည် ၄၅မိုင်ခန့်သာ ကွာဝေးသော်လည်း စစ်ကောင်စီတပ်သည် တစ်ပတ်ကြာသည်အထိ ၎င်းတို့၏ ရည်မှန်းချက် ဟားခါးသို့မရောက်နိုင်ဘဲ ဖြစ်နေသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သည် တဖြည်းဖြည်းချင်း ရှေ့ဆက်တိုးနေရာ CNA/CDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook