Connect with us

Hi, what are you looking for?

News

ဖာပွန်မြို့နှင့် မိုင်အနည်းငယ်အကွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သုံးဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုပိုင် ဥယျာဉ်ခြံများဆီသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် သကဲ့သို့ ဖာပွန်နယ်မြေခံတပ်သည်လည်း ဖာပွန်မြို့တွင်း သို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ ပြည်သူပိုင်အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကရင်ပြည်နယ် ဖာပွန်မြို့နှင့် မိုင်အနည်းငယ်သာကွာသည့် ဒေသ၌ တိုက်ပွဲဖြစ်၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယမန်နေ့(​အောက်တို ဘာ၁၉)ညတွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၈ရက်က ဖာပွန်မြို့ အရှေ့ဘက် ၆ကီလိုမီတာခန့်အကွာ ခေါပူဒေသ၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး KNLAဘက်မှ ထိခိုက်ဒဏ်ရာ မရှိဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုပိုင် ဥယျာဉ်ခြံများဆီသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် သကဲ့သို့ ဖာပွန်နယ်မြေခံတပ်သည်လည်း ဖာပွန်မြို့တွင်း သို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ ပြည်သူပိုင်အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံထားရသူများ၏ အမည်စာရင်းနှင့်တစ်ကွ ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီတပ်အနေဖြင့် ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ အတွင်းသို့ တပ်အင်အား၊ လက်နက်အင်အား များ ထပ်မံဖြည့်တင်းနေသည့်အပေါ် အောက်ခြေရှိ KNLA တပ်ရင်း၊ တပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook