Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံများအသက်ကို အာမ မခံနိုင်ကြောင်း ကန့်ဘလူ UG သတိပေး

လိုက်နာရန်ပျက်ကွက်ပါက KBU-UG မှအကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ ချေမှုန်းသွားမည်ဖြစ်ကြောင်း ကန့်ဘလူUG က သတိပေးထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများအား ၎င်းတို့အသက်ကို အာမ မခံနိုင်တော့ကြောင်း ကန့်ဘလူ UG က သတိပေးသည်။

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးထောက်တိုင်များဖြစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံး ယခုချိန်မှစ နှုတ်ထွက်ကြရန်၊ အပြစ်မဲ့ ပြည်သူများကို အ‌ခြေအမြစ် မရှိသော အကြောင်းပြချက်များဖြင့် တိုင်တန်း၍ ဖမ်းဆီးခိုင်းနေသော ဒလန်များ မိမိတို့၏ အောက်တန်းကျသော လုပ်ရပ်များကို ရပ်တန်းကရပ်ရန်၊ ထို့အပြင် စစ်ကောင်စီကို အထောက်အကူပေးနေသည့် စစ်ကောင်စီ ဘက်တော်သား ရုံး၀န်ထမ်းများ အစရှိသူတို့၏ အသက်များအား အာမ မခံ‌နိုင်ကြောင်း ကန့်ဘလူ UG အဖွဲ့က သတိပေးလိုက်သည်။

လိုက်နာရန်ပျက်ကွက်ပါက KBU-UG မှအကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ ချေမှုန်းသွားမည်ဖြစ်ကြောင်း ကန့်ဘလူUG က သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။