Connect with us

Hi, what are you looking for?

News

ဟားခါးမြို့ကို အင်အားဖြည့်သည့် စစ်ကောင်စီယာဉ်တန်း ၁၂ ရက်ကြာမှ ရောက်ရှိ

ကလေးမြို့မှ ဟားခါးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမူကို အောက်တိုဘာ ၉ ရက်စတင်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မူကြောင့် မိုင် ၁၄၀ကျော်ဝေးသည့် အကွာအဝေးကို ၁၂ရက်ကြာချီတက်ခဲ့သည်။

ချင်းပြည်နယ် စစ်အင်အားဖြည့်တင်းနေသည့်အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းမှာ ၁၂ ရက်အကြာတွင် ပြည်နယ်မြို့တော် ဟားခါးကို ရောက်ရှိလာပြီဟု ဒေသခံများက ပြောသည်။

ကလေးမြို့မှ ဟားခါးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမူကို အောက်တိုဘာ ၉ ရက်စတင်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်မူကြောင့် မိုင် ၁၄၀ကျော်ဝေးသည့် အကွာအဝေးကို ၁၂ရက်ကြာချီတက်ခဲ့သည်။

ထိုကြောင့် အောက်တိုဘာ ၂၀ ရက်ပိုင်းမှသာ ဟားခါးကို မြို့ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းကို ဖလမ်းမြို့အထွက်မှစတင်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ချင်းပြည်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်မူကြောင့် ယခုကို ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောခွင့်ပုဂ္ဂိုလ်ကဆိုသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၉ရက် မနက်ပိုင်းတွင် စစ်ကား ၁၄ စီးနှင့် သံချပ်ကာ ၂ စီးဖြင့် ချင်းတောင်ပေါ်စတင် အင်အားဖြည့်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်တွင် စစ်ကား အစီး ၄၀ခန့်ထပ်မံအင်အားဖြည့်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကားများသည် အောက်တိုဘာ ၁၂ ရက်တွင် ဖလမ်းမြို့ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ကလေးမြို့နှင့် ဖလမ်းမြို့ကြားရှိ ဇောင်ကောင်းရွာတွင် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက အောက်တိုဘာ ၉ ရက်တွင် ၎င်းတို့ စခန်းချ ညအိပ်ခဲ့သည့် ဟိန်ဇိန်ရွာတွင် လုယက်မူများပြုလုပ်ခဲ့ပြီး ဒေသခံများ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခဲ့သည်။ အောက်တိုဘာ ၁၂ ရက်တွင် လုမ်အန်ကျေးရွာတွင်လည်း လူနေအိမ်များကို လုယက်ခဲ့သည်။

ထိုနောက်အကြမ်းဖက်စစ်ကောင်စီ တပ်သားများက အောက်တိုဘာ ၁၃ ရက်ဖလမ်းမြို့မှ ဟားခါးမြို့ကို ဆက်လက်ချီတက်ရန် စစ်ကား ၆စီးနှင့် သံချပ်ကာ ၂ စီး စတင်ထွက်ခွာခဲ့သည်။ ထိုနောက် စစ်ကား ၃၁ စီး ထပ်မံထွက်ခွာလာခဲ့သည်။

ထိုနေ့တွင် ဖလမ်းမြို့အထွက်၌ CNFနှင့် ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်( CNDF)တို့က အကြမ်းဖက်စစ်ကောင်စီတပ်များကို ပူးပေါင်းတိုက်ခဲ့သည်။ ထိုတိုက်ခိုက်မူကြောင့် ဖလမ်းမြို့လုံပီးရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားအချို့ကို ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်စစ်တပ် ထိုနေ့တွင် ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်ဖလမ်းမြို့မှ ၁၀မိုင်တွင် CNFနှင့် ချင်းပြည်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ထပ်မံတိုက်ခဲ့သည်။ ထိုနေ့တွင် ထလန်ရောန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေ့တွင် ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်၏ စစ်ကား ၇ စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု CNFက သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၅ ရက်တွင် CNF, CDF (ဟားခါး) နှင့် CNDF (ဖလမ်း)တို့က အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်ညတွင် CNF, CNDF, CDF ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်စစ်တပ်စစ်ကား ၉စီးကို ဗုံးခွဲဖျက်ဆီးနိုင်ဟုထပ်မံထုတ်ပြန်ထားသည်။ ထိုနေ့တွင် ဖလမ်း-ဟားခါးလမ်းဘေးရှိ တားလ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

အောက်တိုဘာ ၁၉ ရက် ညနေ ၄နာရီခန့်တွင် ဖလမ်းမြို့နယ် တလန်ဇာရ်ကျေးရွာသို့ စစ်ကား အစီး ၃၀ ကျော်ဝင်ရောက်လာပြီး ၂ မိုင်ကျော်ဝေးသည့် ရမ်ထလိုကျေးရွာကို လက်နက်ကြီးများနှင့်ပတ်ခတ်ခဲ့သည်။ ရမ်ထလိုကျေးရွာသည်ဟားခါးမြို့မှ မိုင် ၂၀ ကျော်သာဝေးသည်။ ထိုနေရာတွင် ညအိပ်စခန်းချခဲ့သည်။

“သူတို့ရဲ့ လုပ်နည်းအတိုင်းပဲ လက်နက်ကြီးနဲ့ အရင်ထုပြီးမှ ခြေလျှင်တပ်တွေဝင်လာတယ်။ ရွာမှာ ဘယ်သူမှ မရှိတော့ဘူးလေ။ ဘယ်နေရဲကျမလဲ။ သူတို့ကတော့ အိမ်တွေမှ ရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို စိတ်ကြိုက်ခိုးနေကြတော့ပေါ့”ဟု အဆိုပါရွာမှ ရွာသားတစ်ဦးက ပြောသည်။

အနည်းဆုံးအိမ်ခြေ ၁၀၀ က ဖောက်ထွင်း လုယက်ခံရသည်ဟု ဒေသခံများကပြောသည်။ ခိုးယူရာတွင် ထမင်းပေါင်းအိုး၊ ကွန်ပျူတာ၊ ဆောင်၊ အဝတ်အထည်၊ တီဗီတွေကအစ ခိုးယူသွားပြီး ဘုရားကျောင်း၏ ဆန်အိတ် ၃၀ကိုလည်း ခိုးသွားသည်ဟုဒေသခံများကပြောသည်။
အောက်တိုဘာ ၂၀ ရက် တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဒေါက်ထဲ့ရွာနှင့် ချွန်ကျူံးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂၀ရက်အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းသည် ဟားခါးမြို့ကို ညနေ ၃ နာရီခွဲတွင် ဝင်ရောက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖလမ်း-ဟားခါးမြို့သည် မိုင် ၄၀ကျော်သာဝေးပြီး အကြမ်းဖက်စစ်တပ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မူကြောင့် ၈ရက်ကြာ ချီတက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။