Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဝင်စီးနင်းခဲ့သည့် မတ္တရာနယ်တွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေကြည်အုပ်စု ဇီးဖြူပင်ကျေးရွာတစ်၀ိုက်နှင့် တောတောင်များသို့ စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၆ရက်က ဝင်ရောက်စီးနင်း ရှင်းလင်းခဲ့သည့် မတ္တရာမြို့နယ်တွင် မီးရှို့သတ်ဖြတ်ခံထားရသူတစ်ဦးနှင့် မြေကျင်းထဲ ထားရှိသွားသည့် ရုပ်အလောင်းလေးလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေကြည်အုပ်စု ဇီးဖြူပင်ကျေးရွာတစ်၀ိုက်နှင့် တောတောင်များသို့ စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီမှာ ရှိနေတာက မန္တလေးအဖွဲ့ MSDF အဖွဲ့ရှိတယ်။ အဲဒီ အဖွဲ့က ဘာလက်နက်မှမရှိဘူး။ မန္တလေးမှာ အဖမ်း အဆီးကြမ်းလို့ ဒီဘက်မှာလာတိမ်းရှောင်နေတာ။ အဲဒီ ၂၁ယောက်ထဲက တစ်ယောက်က မီးရှို့အသတ်ခံရတယ် ။ သူ့ကို ဖမ်းမိသွားပုံရတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့်နေရာသို့ ဒေသခံများ သွားရောက်ရှာဖွေရာ မြေကျင်းတစ်ခု၌ အမည်မသိရုပ်အလောင်း ​လေးလောင်းတွေ့ရှိရသကဲ့သို့ မီးရှို့ထားသည့် မီးပုံတစ်ခုတွင် ပျောက်ဆုံးနေသည့် မတ္တရာမြို့နယ် ရွှေကျောင်းရွာမှ ကတုံးဆိုသည့် လူငယ်၏အင်္ကျီစနှင့် အရိုးများတွေ့ရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆောက်အဦများနှင့် အိုးခွက်ပန်းကန်များ ဖျက်ဆီးထားသကဲ့သို့ ဆိုင်ကယ် လေးစီးကိုလည်း မီးရှို့ထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါဒေသသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်သည့်နေ့ကလည်းတောထဲ၌ အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook