Connect with us

Hi, what are you looking for?

News

မင်းတပ် ထွေအုပ်ရုံးနှင့်မီးသတ်ရုံးကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

CDF၏ ထုတ်ပြန်ချက်တွင် မင်းတပ်မှ မတူပီဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းမှု အခြေအနေကိုလည်း ဖော်ပြသည်။

People's Spring
People's Spring

မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) အနေဖြင့် မင်းတပ်မြို့တွင်း ပြောက်ကျားစစ်ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ၊ လေးဦးဒဏ်ရာရရှိခဲ့သည်ဟု CDFက ထုတ်ပြန်သည်။

အောက်တိုဘာ ၁၉ရက် နံနက်ပိုင်းတွင် မင်းတပ်ခရိုင်ထွေအုပ်ရုံးကို အင်နာကာဗုံးသီး၊သေနတ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် မြို့နယ်မီးသတ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

CDF၏ ထုတ်ပြန်ချက်တွင် မင်းတပ်မှ မတူပီဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းမှု အခြေအနေကိုလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် စစ်ကားအစီး ၇၀ ကျော်၊ သံချပ်ကာ ကားနှစ်စီးဖြင့် အောက်တိုဘာ ၁၄ ရက်မှစ၍ မတူပီသို့ ထွက်ခွာသွားရာ အောက်တိုဘာ၁၉ရက်တွင် မိုင်တိုင် ၂၃ တွင် ညအိပ်ရပ်နားပြီး ပြည်သူများ၏ အိုးအိမ်များဖျက်ဆီးခဲ့ကြောင်း၊ ဆိုလာပြားများဖြုတ်ယူခြင်း၊ အိုးခွက်ပန်းကန်များ ခိုးယူခြင်းပြုလုပ်ခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဒေသခံများ၏ နွားနောက်ခြောက်ကောင်ကို သတ်ခဲ့ပြီး ပေါင်သားများသာလှီးယူကာ ကျန်သည်တို့ကို ပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာနှင့် မြောက်ပိုင်းဟားခါးဗျူဟာသို့ စစ်အင်အားများဖြည့်တင်းနေရာ CDFနှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။