Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ပငွေကြေးရရှိမှုတွေကို ထိန်းချုပ်ဖို့ အမေရိကန်နဲ့ စင်ကာပူဆွေးနွေး

အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ထိပ်တန်းသံတမန်အဖွဲ့ဟာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းမှာ အမေရိကန်ရဲ့ကတိကဝတ်တွေနဲ့ပတ်သက်လို့ အနီးကပ်တွေ့ဆုံဆွေးနွေးဖို့ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လာရောက်လည်ပတ်နေတာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ပြည်ပငွေကြေးရရှိမှုတွေကို ထိန်းချုပ်ဖို့နည်းလမ်းတွေနဲ့ပတ်သက်လို့ စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ ဒုတိယအကြီးအကဲနဲ့ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင် ပင်ခံ Derek Chollet ကပြောပါတယ်။

စင်ကာပူကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ မနေ့က နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ ငွေကြေးအာဏာပိုင်အဖွဲ့ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ Ho Hern Shin တို့နဲ့သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေး​နွေးခဲ့တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ Derek Chollet တို့ တွေ့ဆုံစဉ်မှာ မြန်မာစစ်တပ်အာဏာ ပိုင်တွေအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးအပြည့်အ၀အကောင်အထည်ဖော်ဖို့ ဆက်လက်တိုက်တွန်းကြောင်း သဘောတူခဲ့ပါတယ်။

နောက်ပြီး လာမယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်(non-political representative)ကို ဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ် ချက်ကို အမေရိကန်က ထောက်ခံအားပေးကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ ထပ်လောင်းပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ထိပ်တန်းသံတမန်အဖွဲ့ဟာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းမှာ အမေရိကန်ရဲ့ကတိကဝတ်တွေနဲ့ပတ်သက်လို့ အနီးကပ်တွေ့ဆုံဆွေးနွေးဖို့ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လာရောက်လည်ပတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။