Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတိုင်းတွင်းက လူ၆၀၀နီးပါး လွတ်မြောက်လာပေမယ့် ပြန်လည်ဖမ်းဆီးတာ ၊ ဝရမ်းထုတ်တာတွေ ရှိနေ

“ကျွန်တော်ကို အမှုပိတ်သိမ်းပြီးလွှတ်ပေးလိုက်တယ်။ နောက်ရက်ကျတော့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ အခုတော့ကျနော်ရှောင်နေရတယ်”ဟု ဗကသကျောင်းသားဟောင်းတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်အသီးသီးတွေမှာရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊၅၀၅ (ခ)တို့နဲ့ မတရား ဖမ်းဆီးထောင်ချခံသူ ၆၀၀နီးပါးလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုဒ်မ ၅၀၅( က) ၊ ၅၀၅ (ခ)တို့နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄၀ဦး၊ ဖမ်းဆီးထားသူ ၃၅၃ဦးတို့ကို လွှတ်ပေးခဲ့တာပါ။

လွှတ်ပေးလိုက်တဲ့၆၀၀နီးပါးထဲက တော်တော်များများကို နောက်ဆက်တွဲအမှုတွေနဲ့ ပြန်လည်းဖမ်းဆီးတာတွေ၊ ဖမ်းဝရမ်းထုတ်တာတွေပြုလုပ်နေတယ်လို့ ဖမ်းဝရမ်းထုတ်ခံထားရသူကာယကံရှင်တွေနဲ့ အကျဉ်းထောင်ဝန်ထမ်းအချို့ထံကနေသိရပါတယ်။

“ကျွန်တော်ကို အမှုပိတ်သိမ်းပြီးလွှတ်ပေးလိုက်တယ်။ နောက်ရက်ကျတော့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ အခုတော့ကျနော်ရှောင်နေရတယ်”ဟု ဗကသကျောင်းသားဟောင်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ထောင်ကနေ အလွှတ်ပြပြီး ပြန်ဖမ်းခံရသူ ဦးရေဟာ ၁၁၀ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဆိုထားပါတယ်။

ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း AAPP က ရှုတ်ချထားတာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

နိုင်ငံတကာ

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်နဲ့ချီ စွန့်ခွာသွားခဲ့တဲ့တိုင် ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ သဘောထား ကွဲလွဲမှုတွေ အနက်ရှိုင်းဆုံး ပေါ်ပေါက်စေခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။