မန္တလေးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်အသီးသီးတွေမှာရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊၅၀၅ (ခ)တို့နဲ့ မတရား ဖမ်းဆီးထောင်ချခံသူ ၆၀၀နီးပါးလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပုဒ်မ ၅၀၅( က) ၊ ၅၀၅ (ခ)တို့နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄၀ဦး၊ ဖမ်းဆီးထားသူ ၃၅၃ဦးတို့ကို လွှတ်ပေးခဲ့တာပါ။
လွှတ်ပေးလိုက်တဲ့၆၀၀နီးပါးထဲက တော်တော်များများကို နောက်ဆက်တွဲအမှုတွေနဲ့ ပြန်လည်းဖမ်းဆီးတာတွေ၊ ဖမ်းဝရမ်းထုတ်တာတွေပြုလုပ်နေတယ်လို့ ဖမ်းဝရမ်းထုတ်ခံထားရသူကာယကံရှင်တွေနဲ့ အကျဉ်းထောင်ဝန်ထမ်းအချို့ထံကနေသိရပါတယ်။
“ကျွန်တော်ကို အမှုပိတ်သိမ်းပြီးလွှတ်ပေးလိုက်တယ်။ နောက်ရက်ကျတော့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ အခုတော့ကျနော်ရှောင်နေရတယ်”ဟု ဗကသကျောင်းသားဟောင်းတစ်ဦးကပြောပါတယ်။

Public Service Announcement
ဒီလို ထောင်ကနေ အလွှတ်ပြပြီး ပြန်ဖမ်းခံရသူ ဦးရေဟာ ၁၁၀ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဆိုထားပါတယ်။
ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း AAPP က ရှုတ်ချထားတာပါတယ်။


















































