Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်မှ ​ဒေသခံကာကွယ်​ရေးတပ်စခန်းကို စစ်​ကောင်စီတပ်ဝင်စီး ၊ ပြည်သူ့တပ်ဖွဲ့ဝင်များ ထိခိုက် ဖမ်းဆီးခံရမှုမရှိ

ထို့အပြင် Monywa Ranger တပ်စခန်းကိုလည်း ယနေ့မနက်တွင်ပင် ဝင်‌ရောက်စီးနင်းခြင်းခံရပြီး ပစ္စည်းအချို့ဖျက်ဆီးခံရကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

(အရာ​တော်မြို့နယ်အတွင်း အာဏာသိမ်းစစ်​ကောင်စီတပ်များက ယာဥ်တန်းဖြင့်သြဂုတ်အတွင်းကလည်းလာ​ရောက် ​​မွှေနှောက်ခဲ့ဖူးသည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်ရှိ Local Ranger – LRG ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းကို အကြမ်းဖက်စစ်တပ်ကအင်အား ၂၀၀ခန့်ဖြင့် ယနေ့(အောက်တိုဘာ ၂၂ ရက်) နံနက် အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့​ကြောင်း ဒေသခံများကပြောသည်။

“ဒီ‌နေ့မနက်၄နာရီလောက်မှာ အကြမ်းဖက်စစ်ကောက်စီက ဒိုင်နာအိမ်စီးကား (၇) စီးခန့်ကိုအသုံးပြ၍ ညောင်ပင်ကန်ရွာလမ်းမှတဆင့် မီးတွေပိတ်ပြီး ဝင်လာကာ ရွာသားတချို့ဖမ်းဆီးသွားတယ်။ အဆိုပါအဖမ်းဆီခံရွာသားများကို PDFစခန်းတွေကိုလိုက်ပြခိုင်းတယ်”ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARAမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရာတော်မြို့နယ် တောင်ဘက်ရှိ ကန်ရင်း၊ မလဲသာ၊ညောင်ပင်ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်က အင်းအားအလုံးအရင်းဖြင့် ကနဦးဝင်ရောက်စီးနင်းခဲ့ပြီး အရာတော်မြို့နယ်တွင်းရှိ ရွာလမ်းမှ မဟုတ်ဘဲ မထင်မှတ်ထားသည့် မြင်းမူမြို့နယ်ဘက်မှတဆင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆက်​ပြောသည်။

“ရဲဘော်တွေတော့ တစ်ယောက်မှ အထိအခိုက်မရှိဘဲ သတင်းကြိုရလို့ ရှောင်တိမ်နိုင်ခဲ့တယ်။ ရွာသားအချို့ကိုတော့ စစ်ခွေးတွေဖမ်းထားတယ်ကြားတယ်”ဟု ARA ၏ တာဝန်ရှိသူတစ်ဦး​က ရှင်းပြသည်။ ထိုအပြင်စခန်းတဲကို မီးရှိုဖျက်ဆီးပြီး ၊​သေနတ်များပစ်​ဖောက်၍ ကန်ရင်း​ကျေးရွာမှပြည်သူများကို ခြိမ်း​ခြောက်၊ရွာကို​မွှေ​နှောက်၍ ပြည်သူအချို့ကိုဖမ်းဆီးထား​ကြောင်း အရာ​တော်မြို့နယ်သတင်းမှန်ပြန်ကြား​ရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် Monywa Ranger တပ်စခန်းကိုလည်း ယနေ့မနက်တွင်ပင် ဝင်‌ရောက်စီးနင်းခြင်းခံရပြီး ပစ္စည်းအချို့ဖျက်ဆီးခံရကြောင်း သတင်းထွက်ပေါ်နေသော်လည်း People’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

အောက်တိုဘာ ၁၃ ရက်ကလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (​မြောင် PDF) ပင်မစခန်းကို အကြမ်းဖက်စစ်ကောင်စီက လူအင်အား၊လက်နက်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက တိမ်း​ရှောင်နိုင်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှု၊ဖမ်းဆီးခံရမှုမရှိခဲ့​ပေ ။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LPDF)များကို ထိုးစစ်ဆင်နေမှုတွင် ကျေးရွာသူရွာသားများအား လူသားဒိုင်းသဖွယ် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်း ၊ခိုးယူခြင်း ၊နေအိမ်များကို မီးရှို့မှုခြင်းစသဖြင့် ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook