Connect with us

Hi, what are you looking for?

News

ထားဝယ်ခရိုင်ကောင်စီအဖွဲ့ဝင် ဦးညီညီအောင် သေနတ်ဖြင့် ပစ်ခံရ

ခရိုင်ကောင်စီဝင် ဦးညီညီအောင်အား ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်၊ တရုတ်တန်းလမ်းရှိ လမင်းဟန်လက်ဖက်ရည်ဆိုင်ရှေ့တွင် နံနက်၈ နာရီခန့်က ပစ်ခံရခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးညီညီအောင်အား ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။

ခရိုင်ကောင်စီဝင် ဦးညီညီအောင်အား ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်၊ တရုတ်တန်းလမ်းရှိ လမင်းဟန်လက်ဖက်ရည်ဆိုင်ရှေ့တွင် နံနက်၈ နာရီခန့်က ပစ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခံရသည့် ဦးညီညီအောင်အား ဆေးရုံတင်ထားရပြီး ဒဏ်ရာအခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“သူကားနားမှာဘဲ သေနတ်နဲ့ ငါးချက်ပစ်ခံရတယ်။ သေ၊ မသေတော့မသိဘူး”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းသည် NLDအစိုးရလက်ထက်တွင် ထားဝယ်မြို့ သဘ်ောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း ရဲ့ ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးကြောင်း မှတ်တမ်းရုပ်သံနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook