Connect with us

Hi, what are you looking for?

News

အာဆီယံထိပ်သီးအစည်းအဝေးပေးမတက်တဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်လို့စစ်ကောင်စီတုံ့ပြန်နေ

စစ်ကောင်စီ ထောက်ပြတဲ့ အာဆီယံ ပဋိဉာဉ်မူတွေကတော့ ပြည်တွင်းရေးကိုဝင်မစွတ်ဖက်လို့၊အချုပ်အခြာအာဏာကိုလေးစားဖို့ တွေပါနေပါတယ်။

လာမယ့် ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်မရတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ ပဋိဉာဉ်မူတွေနဲ့ဆန့်ကျင်နေ လို့မလိုက်နာနိုင်တာလို့ဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီ ထောက်ပြတဲ့ အာဆီယံ ပဋိဉာဉ်မူတွေကတော့ ပြည်တွင်းရေးကိုဝင်မစွတ်ဖက်လို့၊အချုပ်အခြာအာဏာကိုလေးစားဖို့ တွေပါနေပါတယ်။

စစ်ကောင်စီဟာ သူတိုရဲ့ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုတဲ့အပေါ် ထုတ်ပြန်ချက်တွေထုတ်ကာ တုံ့ပြန်နေတာဟာ ၂ ကြိမ်တိုင်တိုင်ရှိနေပါပြီ။

Public Service Announcement

Public Service Announcement

အာဆီယံ ထိပ်သီးအစည်းအဝေးကို အခုလ ၂၆ ရက်ကနေ စတင်ကာ ၃ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင်ဟာတက်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။

မြန်မာ့အရေးကိုဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တာကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်အရေးပေါ်အစည်းအဝေးလုပ်ကာ စစ်ကောင်စီကိုပေးမတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook