Connect with us

Hi, what are you looking for?

News

မရမ်းကုန်းမြို့နယ်တွင် ယနေ့ည၌ ဓါးဖြင့်ထောက်၍ ရွှေနှင့်ကားလုယက်

“ဆိုင်နာမည်က ခိုင်သစ္စာ ၊ဆိုင်ရှင်အစ်မကြီးကို ဓားထောက်ပြီး ဝတ်ထားတဲ့ရွှေတွေလည်းပါသွားတယ်ကြားတယ်။ သူတို့ကားလည်းပါသွားတယ်တဲ့ ။ အစ်မကြီးကိုလည်း သမိုင်းလမ်းဆုံမှာကားပေါ်ကတွန်းချသွားတာ” ဟု အဆိုပါဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းတွင် ယနေ့ည ကိုးနာရီအချိန်ခန့်က စာရေးကရိယာဆိုင်မှ ဆိုင်ရှင်ကို ဓားထောက်၍ လုယက်မှူဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်၌နေထိုင်သူတစ်ဦးကပြောသည်။

“ဆိုင်နာမည်က ခိုင်သစ္စာ ၊ဆိုင်ရှင်အစ်မကြီးကို ဓားထောက်ပြီး ဝတ်ထားတဲ့ရွှေတွေလည်းပါသွားတယ်ကြားတယ်။ သူတို့ကားလည်းပါသွားတယ်တဲ့ ။ အစ်မကြီးကိုလည်း သမိုင်းလမ်းဆုံမှာကားပေါ်ကတွန်းချသွားတာ” ဟု အဆိုပါဒေသခံတစ်ဦးကပြောသည်။

အဆိုပါဆိုင်သည် စာရေးကရိယာရောင်းချသလို မိတ္တူလည်းကူးပြီး Wave Money လည်းလုပ်ကြောင်း ၎င်းကဆိုသည်။လုယက်ခံရသည့်အချိန်၌ ဆိုင်ပိုင်ရှင်အမျိုးသားက ဆိုင်ပိတ်နေပြီး ကားပေါ်၌ ရှိနေသည့် အမျိုးသမီးကို ဓားထောက်လုယက်ခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

ယင်းလုယက်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့လယ်ပိုင်းမှာ ကားလုယက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

သတင်း

မရမ်းကုန်းမြို့နယ်မှ နေရာအချို့ကို ဒီဇင်ဘာ ၂၈ရက် သန်းခေါင်ယံအချိန်၌ ဧည့်စာရင်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်း

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God's Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။