Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးသတိပေးထားသည့် မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးအတွင်း စစ်ကောင်စီဝန်ထမ်းချင်း ဓါးထိုးသတ်မှုဖြစ်

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၂၀၂၂ ခုနှစ် ​ဧပြီလတွင် စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-MOI

ဇွန်-၁၀၊၂၀၂၅။ယောနသံ/People’s Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ထွေအုပ်ရုံးအတွင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်က ဓားဖြင့်ထိုးသတ်မှု ဖြစ်ခဲ့သည်။

ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်၁၀နာရီခန့်၌ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှအငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကိုယ်ရေးလက်​ထောက်ကျော်စိုးမင်းက ဓားဖြင့်ထိုးခြင်းဟု ဖြစ်စဥ်ကိုသိသူတစ်ဦးကပြောသည်။

“ဓါးယူလာပြီးထွေအုပ်ရုံးထဲတင်ထိုးတာဗျ။ ကိုအောင်မြင့်မြတ်က သံတွဲထွေအုပ်ရုံးကနေ စစ်ရှောင်ပြီး ဒီမှာ(မရမ်းကုန်းထွေအုပ်ရုံး) တွဲဖက်ကျနေတဲ့သူပါ။ သူသေတယ်။ ကျော်စိုးမင်းကတော့ ပြေးနေတယ်”ဟု ရမ်းကုန်းမြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူကပြောသည်။

Public Service Announcement

Public Service Announcement

ကိုအောင်မြင့်မြတ်သည် အသက် ၃၆ နှစ်အရွယ်ရှိပြီး ထွေအုပ်ရုံး အငယ်တန်းစာရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၊ ​ကျော်စိုးမင်းမှာအသက် ၅၀ ​ကျော်အရွယ်ဖြစ်​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့က ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်နိုင်ခြေအတွက် လုံခြုံရေးဆိုင်ရာအစည်းအဝေးကျင်းပခဲ့သည်။

ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား လုံခြုံရေးမပေါ့ဆရန်၊ ရုံးတွင်းလုံခြုံရေးအထူးဂရုပြုရန် ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းကပြောခဲ့သည်။

ထိုအပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နေ့စဉ် ပြောနေသည့်ကြားမှ ပြင်ပမှလာမတိုက်ခိုက်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်