Connect with us

Hi, what are you looking for?

LuduNwayOo

News

မြရည်နန္ဒာအိမ်ရာအနီး စစ်ကောင်စီ တပ်စွဲထားတဲ့ ဘောလုံးကွင်းထဲဗုံးနှစ်ကြိမ်ပစ်ခံရ

အဲဒီဘောလုံးကွင်းထဲကို စစ်ကောင်စီတပ်တွေက တပ်စွဲထားသလို လုံခြုံရေးလှည့်လည်တာတွေ၊ စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဘောလုံးကွင်းဝင်းအတွင်းကို ဗုံးနှစ်ကြိမ်ပစ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက် ၁၁နာရီလောက်က မြရည်နန္ဒာအိမ်ရာအနီး ၄၉လမ်း ၁၁၇လမ်းနဲ့ ၁၁၈လမ်းကြားရှိ ဘောလုံးကွင်းထဲကို ဗုံးနှစ်လုံးပစ်သွားပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။

အဲဒီဘောလုံးကွင်းထဲကို စစ်ကောင်စီတပ်တွေက တပ်စွဲထားသလို လုံခြုံရေးလှည့်လည်တာတွေ၊ စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

” ပစ်သွားတာတော့ ဟုတ်တယ်။ ပစ်တဲ့သူကိုတော့ မမိဘူး။ ၂ခါပစ်သွားတယ်။ သူတို့တွေတော့မထိလိုက်ဘူး။ ဘာလို့ဆို သူတိူ့က အဆောက်အအုံရဲ့နောက်မှာနေကြတာ။ လှမ်းပစ်တဲ့နေရာနဲ့က တော်တော်လေးလှမ်းတယ်”ဟု အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုဗုံးပစ်ခံရမှုတွေဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ၄၉လမ်းမပေါ်မှာ စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဒါ့အပြင် တပ်စွဲထားတဲ့ ဘောလုံးကွင်းအနီး ၁၁၈လမ်းနဲ့ ၄၉လမ်းမကို အသွားအလာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မြရည်နန္ဒာအိမ်ရာဝင်းအတွင်းရှိ မိုင်တဲလ်တာဝါတိုင် သုံးခုဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။