Connect with us

Hi, what are you looking for?

News

မြရည်နန္ဒာအိမ်ရာအနီး စစ်ကောင်စီ တပ်စွဲထားတဲ့ ဘောလုံးကွင်းထဲဗုံးနှစ်ကြိမ်ပစ်ခံရ

အဲဒီဘောလုံးကွင်းထဲကို စစ်ကောင်စီတပ်တွေက တပ်စွဲထားသလို လုံခြုံရေးလှည့်လည်တာတွေ၊ စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဘောလုံးကွင်းဝင်းအတွင်းကို ဗုံးနှစ်ကြိမ်ပစ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက် ၁၁နာရီလောက်က မြရည်နန္ဒာအိမ်ရာအနီး ၄၉လမ်း ၁၁၇လမ်းနဲ့ ၁၁၈လမ်းကြားရှိ ဘောလုံးကွင်းထဲကို ဗုံးနှစ်လုံးပစ်သွားပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။

အဲဒီဘောလုံးကွင်းထဲကို စစ်ကောင်စီတပ်တွေက တပ်စွဲထားသလို လုံခြုံရေးလှည့်လည်တာတွေ၊ စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

” ပစ်သွားတာတော့ ဟုတ်တယ်။ ပစ်တဲ့သူကိုတော့ မမိဘူး။ ၂ခါပစ်သွားတယ်။ သူတို့တွေတော့မထိလိုက်ဘူး။ ဘာလို့ဆို သူတိူ့က အဆောက်အအုံရဲ့နောက်မှာနေကြတာ။ လှမ်းပစ်တဲ့နေရာနဲ့က တော်တော်လေးလှမ်းတယ်”ဟု အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုဗုံးပစ်ခံရမှုတွေဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ၄၉လမ်းမပေါ်မှာ စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဒါ့အပြင် တပ်စွဲထားတဲ့ ဘောလုံးကွင်းအနီး ၁၁၈လမ်းနဲ့ ၄၉လမ်းမကို အသွားအလာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မြရည်နန္ဒာအိမ်ရာဝင်းအတွင်းရှိ မိုင်တဲလ်တာဝါတိုင် သုံးခုဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook