Connect with us

Hi, what are you looking for?

News

မန္တလေးဈေးချိုကို စစ်ကောင်စီအတင်းဖွင့်ခိုင်းပေမယ့် ရောင်းသူနဲ့ ဝယ်ယူမရှိ

ဒီကနေ့နံနက် ဈေးပြန်ဖွင့်ချိန်မှာ မန်းမြန်မာပလာဇာဘက်မှာ ဆိုင်ခန်း၂ဆိုင်သာဖွင့်လှစ်ထားပြီး ဈေးချိုရုံကြီးဘက်မှာလည်း ဆိုင်ခန်းဖွင့်ရောင်းချသူအနည်းငယ်သာရှိခဲ့ပါတယ်။

မန္တလေးဈေးချိုနဲ့ မန်းမြန်မာပလာဇာကို ပြန်ဖွင့်ဖို့ စစ်ကောင်စီကညွှန်ကြားထားပေမယ့် အရောင်းအဝယ်ပြုလုပ်သူမရှိလို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီက ဈေးကို ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စာထုတ်ညွှန်ကြားခဲ့သလို သက်ဆိုင်ရာ စည်ပင်ကတာဝန်ရှိသူတွေကလည်း ဈေးဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့နံနက် ဈေးပြန်ဖွင့်ချိန်မှာ မန်းမြန်မာပလာဇာဘက်မှာ ဆိုင်ခန်း၂ဆိုင်သာဖွင့်လှစ်ထားပြီး ဈေးချိုရုံကြီးဘက်မှာလည်း ဆိုင်ခန်းဖွင့်ရောင်းချသူအနည်းငယ်သာရှိခဲ့ပါတယ်။

“သူတို့ကတော့ ဒီနေ့ဖွင့်ရမယ်ပြောပေမယ့် ဘယ်သူမှလည်းမဖွင့်ရဲကြဘူး။ အန်တီကတော့ ပစ္စည်းလေးတွေလာယူတာ။ နောက်ရက်တွေတော့ ဘယ်လိုဖြစ်မယ်မပြောတတ်ဘူး။ ဒီနေ့က စဖွင့်ခိုင်းတဲ့ပထမနေ့ဆိုတော့လေ။ဈေးဝယ်ကတော့ မြင်တဲ့အတိုင်းပဲ လာကိုမလာတာ “ဟု ဈေးချိုရုံကြီးထဲမှာ ပုဆိုးဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဈေးချိုရုံကြီးနဲ့ မန်းမြန်မာပလာဇာရှိဆိုင်ခန်းတွေဖွင့်လှစ်ထားခြင်းမရှိပေမယ့် အပြင်ဘက်တန်း ပျံကျရောင်းချတဲ့နေရာတွေမှာတော့ ယခင်အတိုင်းစည်ကားနေပါတယ်။

မန္တလေးဈေးချိုဟာဆိုရင် ကိုဗစ် ဒုတိယလှိုင်းကစတင်ပြီး ပိတ်ထားရတာပါ။

အဲဒီနောက် စစ်တပ်ကအာဏသိမ်းပြီး လပိုင်းအကြာပြန်ဖွင့်ခိုင်းပေမယ့် ဆိုင်ခန်းရှင်တွေက ဖွင့်လှစ်ခဲ့ခြင်း မရှိပါဘူး။

ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိသူများကို ဆိုင်ခန်းပြန်သိမ်းမှာဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် အချို့ဈေးဆိုင်အနည်းငယ်သာ ပြန်လည်ဖွင့်လှစ်ပြီး ကိုဗစ် တတိယလှိုင်းကြောင့် ထပ်မံပိတ်ခဲ့တာပါ။

အခုကတော့ စစ်ကောင်စီကနေ တတိယအကြိမ်မြောက် ပြန်လည်ဖွင့်ခိုင်းတာဖြစ်ပါတယ်။

လက်ရှိဈေးချိုမှာတော့ ရဲ ၊စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက လုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။

မန္တလေးဈေးချိုဟာဆိုရင် အထက်အမြန်မာပြည်၊ မြန်မာနိုင်ငံအလယ်ပိုင်းက အညာဒေသအစရှိတဲ့ ကုန်သည်တွေ အများဆုံးလာရောက်ဝယ်ယူတဲ့ ဈေးကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook