Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးဈေးချိုကို စစ်ကောင်စီအတင်းဖွင့်ခိုင်းပေမယ့် ရောင်းသူနဲ့ ဝယ်ယူမရှိ

ဒီကနေ့နံနက် ဈေးပြန်ဖွင့်ချိန်မှာ မန်းမြန်မာပလာဇာဘက်မှာ ဆိုင်ခန်း၂ဆိုင်သာဖွင့်လှစ်ထားပြီး ဈေးချိုရုံကြီးဘက်မှာလည်း ဆိုင်ခန်းဖွင့်ရောင်းချသူအနည်းငယ်သာရှိခဲ့ပါတယ်။

မန္တလေးဈေးချိုနဲ့ မန်းမြန်မာပလာဇာကို ပြန်ဖွင့်ဖို့ စစ်ကောင်စီကညွှန်ကြားထားပေမယ့် အရောင်းအဝယ်ပြုလုပ်သူမရှိလို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီက ဈေးကို ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စာထုတ်ညွှန်ကြားခဲ့သလို သက်ဆိုင်ရာ စည်ပင်ကတာဝန်ရှိသူတွေကလည်း ဈေးဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့နံနက် ဈေးပြန်ဖွင့်ချိန်မှာ မန်းမြန်မာပလာဇာဘက်မှာ ဆိုင်ခန်း၂ဆိုင်သာဖွင့်လှစ်ထားပြီး ဈေးချိုရုံကြီးဘက်မှာလည်း ဆိုင်ခန်းဖွင့်ရောင်းချသူအနည်းငယ်သာရှိခဲ့ပါတယ်။

“သူတို့ကတော့ ဒီနေ့ဖွင့်ရမယ်ပြောပေမယ့် ဘယ်သူမှလည်းမဖွင့်ရဲကြဘူး။ အန်တီကတော့ ပစ္စည်းလေးတွေလာယူတာ။ နောက်ရက်တွေတော့ ဘယ်လိုဖြစ်မယ်မပြောတတ်ဘူး။ ဒီနေ့က စဖွင့်ခိုင်းတဲ့ပထမနေ့ဆိုတော့လေ။ဈေးဝယ်ကတော့ မြင်တဲ့အတိုင်းပဲ လာကိုမလာတာ “ဟု ဈေးချိုရုံကြီးထဲမှာ ပုဆိုးဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဈေးချိုရုံကြီးနဲ့ မန်းမြန်မာပလာဇာရှိဆိုင်ခန်းတွေဖွင့်လှစ်ထားခြင်းမရှိပေမယ့် အပြင်ဘက်တန်း ပျံကျရောင်းချတဲ့နေရာတွေမှာတော့ ယခင်အတိုင်းစည်ကားနေပါတယ်။

မန္တလေးဈေးချိုဟာဆိုရင် ကိုဗစ် ဒုတိယလှိုင်းကစတင်ပြီး ပိတ်ထားရတာပါ။

အဲဒီနောက် စစ်တပ်ကအာဏသိမ်းပြီး လပိုင်းအကြာပြန်ဖွင့်ခိုင်းပေမယ့် ဆိုင်ခန်းရှင်တွေက ဖွင့်လှစ်ခဲ့ခြင်း မရှိပါဘူး။

ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိသူများကို ဆိုင်ခန်းပြန်သိမ်းမှာဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် အချို့ဈေးဆိုင်အနည်းငယ်သာ ပြန်လည်ဖွင့်လှစ်ပြီး ကိုဗစ် တတိယလှိုင်းကြောင့် ထပ်မံပိတ်ခဲ့တာပါ။

အခုကတော့ စစ်ကောင်စီကနေ တတိယအကြိမ်မြောက် ပြန်လည်ဖွင့်ခိုင်းတာဖြစ်ပါတယ်။

လက်ရှိဈေးချိုမှာတော့ ရဲ ၊စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက လုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။

မန္တလေးဈေးချိုဟာဆိုရင် အထက်အမြန်မာပြည်၊ မြန်မာနိုင်ငံအလယ်ပိုင်းက အညာဒေသအစရှိတဲ့ ကုန်သည်တွေ အများဆုံးလာရောက်ဝယ်ယူတဲ့ ဈေးကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။