Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး မြရည်နန္ဒအိမ်ရာကိုပိတ်ဆို့ကာ တိုက်ခန်း တစ်ခန်းချင်းစီ စစ်ကောင်စီဝင်ရောက်စစ်ဆေးနေ

မနေ့က ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာအိမ်ရာ အနီးက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးကင်းမှာပေါက်ကွဲမှုဖြစ်ကာ တပ်ကြပ် ၁ ဦးသေပြီး ကျန်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။

မန္တလေးက မြရည်နန္ဒအိမ်ရာ အနီး ပေါက်ကွဲမှုကြောင့် စစ်သား၁ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီးဒီနေ့ မနက်ပိုင်းမှာ အဲဒီအိမ်ရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ပိတ်ဆို့ကာ တစ်ခန်းဝင်တစ်ခန်းထွက် ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေပါတယ်။

မနေ့က ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာအိမ်ရာ အနီးက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးကင်းမှာပေါက်ကွဲမှုဖြစ်ကာ တပ်ကြပ် ၁ ဦးသေပြီး ကျန်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြရည်နန္ဒအိမ်ရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်း ၁၀ နာရီလောက်က စတင်ကာဝင်မွှေကြတာပါ။

အိမ်ရာအဝင်အထွက်တွေကိုပိတ်လိုက်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် ရှာဖွေစစ်ဆေးတာတွေလုပ်တယ်လို့ အဲဒီအိမ်ရာမှာနေသူတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

” အခုတိုက်ခန်းတိုင်းကိုစစ်နေတာ ၊အိမ်ရှင်လား အိမ်ဌားလားမေးတယ် ၊ ဧည့်စာရင်းစစ်တယ် ၊ အိမ်ထောင်စုရှိတဲ့သူတော့အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ပဲပြရတယ် ၊ အခန်းထဲထိ ဝင်စစ်တာတော့မလုပ်သွားဘူး ၊ကပ်လျက်အခန်းတွေတော့အတွင်းထဲထိဝင်စစ်သွားတယ်လို့ ” အိမ်ရာမှာနေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။

မွန်းလွဲပိုင်း ၂ နာရီလောက်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခန်းတွေကို လိုက်လံစစ်ဆေးနေသလို အိမ်ရာဝင်းထဲမှာ ကင်းလှည့်နေကြတာတွေ့ရပါတယ်။

ဒါအပြင် အိမ်ရာဝင်း ကိုဝင်ထွက်သွားလာတာတွေ ကိုတားမြစ်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။