Connect with us

Hi, what are you looking for?

News

မန္တလေး မြရည်နန္ဒအိမ်ရာကိုပိတ်ဆို့ကာ တိုက်ခန်း တစ်ခန်းချင်းစီ စစ်ကောင်စီဝင်ရောက်စစ်ဆေးနေ

မနေ့က ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာအိမ်ရာ အနီးက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးကင်းမှာပေါက်ကွဲမှုဖြစ်ကာ တပ်ကြပ် ၁ ဦးသေပြီး ကျန်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။

မန္တလေးက မြရည်နန္ဒအိမ်ရာ အနီး ပေါက်ကွဲမှုကြောင့် စစ်သား၁ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီးဒီနေ့ မနက်ပိုင်းမှာ အဲဒီအိမ်ရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ပိတ်ဆို့ကာ တစ်ခန်းဝင်တစ်ခန်းထွက် ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေပါတယ်။

မနေ့က ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာအိမ်ရာ အနီးက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီ လုံခြုံရေးကင်းမှာပေါက်ကွဲမှုဖြစ်ကာ တပ်ကြပ် ၁ ဦးသေပြီး ကျန်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြရည်နန္ဒအိမ်ရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်း ၁၀ နာရီလောက်က စတင်ကာဝင်မွှေကြတာပါ။

အိမ်ရာအဝင်အထွက်တွေကိုပိတ်လိုက်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် ရှာဖွေစစ်ဆေးတာတွေလုပ်တယ်လို့ အဲဒီအိမ်ရာမှာနေသူတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

” အခုတိုက်ခန်းတိုင်းကိုစစ်နေတာ ၊အိမ်ရှင်လား အိမ်ဌားလားမေးတယ် ၊ ဧည့်စာရင်းစစ်တယ် ၊ အိမ်ထောင်စုရှိတဲ့သူတော့အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ပဲပြရတယ် ၊ အခန်းထဲထိ ဝင်စစ်တာတော့မလုပ်သွားဘူး ၊ကပ်လျက်အခန်းတွေတော့အတွင်းထဲထိဝင်စစ်သွားတယ်လို့ ” အိမ်ရာမှာနေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။

မွန်းလွဲပိုင်း ၂ နာရီလောက်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခန်းတွေကို လိုက်လံစစ်ဆေးနေသလို အိမ်ရာဝင်းထဲမှာ ကင်းလှည့်နေကြတာတွေ့ရပါတယ်။

ဒါအပြင် အိမ်ရာဝင်း ကိုဝင်ထွက်သွားလာတာတွေ ကိုတားမြစ်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook