Connect with us

Hi, what are you looking for?

News

ဟားခါးမှ ပြန်လာသည့် စစ်ကောင်စီတပ် ချင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့၍ အနည်းဆုံး ၅ဦးသေ

“အသေအပျောက်များမယ်ထင်တယ်။ ကျွန်တော်တို့က လက်နက်နဲ့ မိုင်းနဲ့ တိုက်ခိုက်တာဆိုတော့။” ဟု ဆလိုင်းထက်နီက ချွန်ကျုံးရွာနှင့် ရမ်ထလိုရွာကြား တိုက်ပွဲနှင့်ပတ်သက်ပြီး ပြောသည်။

ပုံစာ- ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရန်ထလိုကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တစ်အိမ်ကို မီးရှို့ရန်ကြိုးစားခဲ့ပြီး ဒေသခံပြည်သူများ၏ ဝက်ကို သတ်ခဲ့သည်။

ချင်းပြည်နယ် ဟားခါးဗျူဟာသို့ စစ်အင်အား သွားရောက်ပို့ဆောင်ပြီးပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီ တပ်ကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးနိုင်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

ပုံစာ- ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရန်ထလိုကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တစ်အိမ်ကို မီးရှို့ရန်ကြိုးစားခဲ့ပြီး ဒေသခံပြည်သူများ၏ ဝက်ကို သတ်ခဲ့သည်။

အောက်တိုဘာ ၂၃ရက်က ဖလမ်း-ဟားခါးကားလမ်းပေါ်ရှိ ချွန်ကျုံး‌ကျေးရွာနှင့် ရမ်ထလိုကျေးရွာအကြားတွင် CNA/CDF ပူးပေါင်းတပ်မှ စကစအင်းအား ၃၀ ခန့်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစဖက်မှ ၅ဦး သေဆုံးခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

“အသေအပျောက်များမယ်ထင်တယ်။ ကျွန်တော်တို့က လက်နက်နဲ့ မိုင်းနဲ့ တိုက်ခိုက်တာဆိုတော့။” ဟု ဆလိုင်းထက်နီက ချွန်ကျုံးရွာနှင့် ရမ်ထလိုရွာကြား တိုက်ပွဲနှင့်ပတ်သက်ပြီး ပြောသည်။

အောက်တိုဘာ ၂၁ရက်ကလည်း စစ်ကောင်စီတပ်ကို ဟားခါးမြို့အနီးတွင် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဓါတ်ပုံ- The Chin Journal

“ဖလမ်းကနေ ဟားခါးတက်တဲ့အခါတုန်းကလည်း ကျွန်တော်တို့ တိုက်တယ်။ ပြန်တဲ့အချိန်လည်းတိုက်တယ်။ ပြန်တဲ့ဟာက ဖလမ်းကနေ ဟားခါးယာဉ်တန်းကို သွားပြီးပို့တဲ့ ဖလမ်းက အထိုင်တပ်ဖြစ်လိမ့်မယ်ထင်တယ်။ သွားပို့ပြီး ပြန်လာတဲ့ တပ်လို့ထင်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်အတွင်းရှိ ရမ်ထလိုကျေးရွာတွင် ညအိပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဖလမ်းဖက်ကို ထွက်ခွာသွားကြောင်း The Chin Journal က ဖော်ပြသည်။ စစ်ကောင်စီ တပ်သားများသည် ရမ်ထလိုကျေးရွာကနေ မထွက်ခွာမီတွင် ရွာအတွင်းရှိ ဝက်တစ်ကောင်ကို ပစ်သတ်ပြီးထားခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ရက်က ဖလမ်းမှ ဟားခါးသို့ စစ်အင်အား သွားရောက်ပို့ဆောင်စဉ်ကလည်း ရမ်ထလိုရွာရှိ နေအိမ်များကို ဖောက်ထွန်းခဲ့ကြောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်ယူဆောင်သွားကြောင်း ချင်းဒေသခံ တစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook