Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု PDF ထုတ်ပြန်

အောက်တိုဘာ ၂၄ရက် နံနက် ၇နာရီဝန်းကျင်တွင် လွိုင်ကော်မှ ဖယ်ခုံသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို မိုးဗြဲမြို့အထွက်နား၌ မိုးဗြဲ PDFနှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ပူးပေါင်းပြီး အသင့်စောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ရက် နံနက် ၇နာရီဝန်းကျင်တွင် လွိုင်ကော်မှ ဖယ်ခုံသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို မိုးဗြဲမြို့အထွက်နား၌ မိုးဗြဲ PDFနှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ပူးပေါင်းပြီး အသင့်စောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အင်အား ၅၀ဝန်းကျင်ခန့်တင်ဆောင်လာသော စစ်ကောင် စီတပ်မှ စစ်ကားငါးစီးကို တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိမှုကို ခန့်မှန်း၍ မရဟု ဖော်ပြထားသည်။

တိုက်ပွဲချိန် ၁၅မိနစ်ကြာပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်သားများမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်သားများသည် ပြည်သူနှင့်ဝေးရာဒေသသို့ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းသည် မိုးဗြဲမြို့အတွင်းရှိ လူနေရပ်ကွက်များစီသို့ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့၍ အရပ်သားခြောက်ဦး ထိခိုက်ပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း ဖော်ပြထား သည်။

ဘက်ပေါင်းစုံမှ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားနှင့် ရန်သူစနစ်တကျ မခွဲခြားဘဲ အပစ်မဲ့အရပ်သားများကို ပစ်မှတ်ထားနေခြင်းမှာ အင်မတန် စပ်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ပင်ဖြစ်ကြောင်း၊ အရပ်သားများ ထိခိုက်ခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook