Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့စစ်​ကောင်စီစစ်​ဆေး​ရေးဂိတ်ကို နယ်​မြေခံပြည်သူ့ကာကွယ်​ရေးနှစ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ကပူးပေါင်းကာ မိုင်းနှစ်ဆင့်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့( အောက်တိုဘာလ ၂၄ ရက်) နံနက်၈နာရီအချိန်ခန့်က ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် ရေစကြိုလမ်းထောင့်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်‌အား PPDFကြုံတိုင်းတပ်ရင်းမှ တိုက်ခိုက်ရေးတပ်ဖွဲ့၀င်များနှင့် Seven PDF အဖွဲ့တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ယင်းနေရာသို့ရောက်ရှိလာသော အကြမ်းဖက်တပ်ဖွဲ့ဝင်များအား အဝေးထိန်းစနစ်ဖြင့် မိုင်း(၂)ဆင့်ခွဲ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အချို့ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ PDFများက အသိပေးသည်။

အခင်းဖြစ်ပြီးနောက် ‌ဖြတ်သန်းသွားလာကြသောပြည်သူများထဲမှ အပြစ်မဲ့ ပြည်သူတစ်ဦးအား အကြမ်းဖက်များက အကြောင်းရင်းမဲ့ ပစ်သတ်ခဲ့ကြောင်းမြေပြင် သတင်းရင်းမြစ်များ အရသိရှိရပြီး အပြစ်မဲ့ပြည်သူတစ်ဦးအား ရက်စက်စွာပြုမူဆောင်ရွက်ခဲ့သော အကြမ်းဖက်စစ်​ကောင်စီတပ်သားများ၊ ယင်းတို့နှင့်ပတ်သက်ဆက်နွယ်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား မိမိတို့ PPDFအဖွဲ့မှ လုံး၀ခွင့်လွှတ်မည့်မဟုတ်ကြောင်းနှင့် ထိရောက်စွာအပြစ်ပေး သုတ်သင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဒေသခံ PDFများက သတိ့​ပေးသည်။

ပခုက္ကူမြိုနယ်အတွင်းရှိပြည်သူများအနေဖြင့် စစ်ကောင်စီအကြမ်းဖက်များနှင့် ဆက်စပ်နှီးနွယ်ရာ နေရာ၊ ဌာနများသို့ သွားရောက်ခြင်း၊ မလိုအပ်ဘဲမြို့တွင်းမြို့ပြင် သွားလာလည်ပတ်ခြင်းအား ရှောင်ရှားပေးကြ ပါရန်နှင့် အာဏာလုစစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရေး‌အတွက်တတ်စွမ်းရာကဏ္ဍမှ ပူးပေါင်းပါ၀င် ဆောင်ရွက် ပေးကြပါရန် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook