ကမ္ဘာနိုင်ငံအသီးအသီးမှာ အသက် ၁၂ နှစ်နဲ့ထက် ကလေးတွေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာမှာ Pfizer-BioNTech ကာကွယ်ဆေးတစ်မျိုးတည်းကိုသား ထိုးနှံပေးနေတာဖြစ်ပါတယ်။
WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေရှိပေမယ့် ကလေးအတွက်တော့ Pfizer-BioNTech ဆေးကိုသာထိုးပေးနေတာလို့ NUG အစိုးရ ရဲ့ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အသက် ၁၂ နှစ်အထက် ကျောင်းသူ ၊ကျောင်းသားတွေကို တရုတ်နိုင်ငံထုတ် sinovac နဲ့ sinopharm ကာကွယ်ဆေးတွေထိုးပေးနေတာပါ။
