Connect with us

Hi, what are you looking for?

News

တနိုင်းတွင် စစ်ကောင်စီတပ်ကို KIA ထပ်မံတိုက်ခိုက်

စက်တင်ဘာမှစ၍ တနိုင်း လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းတပ်ဖွဲ့မှ ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယနေ့(အောက်တိုဘာ၂၅) ထပ်မံတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလကတည်းက တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် KIA တပ်မဟာ(၂)၊ တပ်ရင်း (၄၅) နယ်မြေ ရှင်ဗွေယန်ဒေသသို့ အောက်တိုဘာ ၂၅ရက် နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က လှုပ်ရှားလာ၍ KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။

အင်အား(၆၀)ခန့်ပါသည့် စစ်ကောင်စီတပ်သည် စစ်ကားဖြင့် ရှင်ဗွေယန်ဒေသမှ တရုန်ဒေသို့ စစ်ရေးလှုပ်ရှားလာချိန် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်များ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာမှစ၍ တနိုင်း လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းတပ်ဖွဲ့မှ ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။