Connect with us

Hi, what are you looking for?

LuduNwayOo

News

မိတ္ထီလာမြို့နယ်တွင်Zero Armyက စစ်ကောင်စီတပ်ကိုတိုက်ခိုက်၍ ကိုးဦးထက်မနည်းသေဆုံးဟု ထုတ်ပြန်

မိတ္ထီလာမြို့ပေါ် အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသည့် ကင်းလှည့် စစ်ကားပေါ် ပေါက်ကွဲမှုတွင်ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲသုံးယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းခဲ့သည့် G3သေနတ်အား တွေ့ရစဥ်၊ဓါတ်ပုံ-Zero Army)

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင် မြို့ပေါ် ၌ပေါက်ကွဲမှုဖြစ်နေချိန် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအပါ အဝင် နေရာနှစ်ခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ZERO ARMYအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာလ ၂၅ ရက်)နံနက်ပိုင်းက မိတ္ထီလာမြို့ပေါ်၌ ပေါက်ကွဲမှုဖြစ်နေ၍ စစ်ကောင်စီတပ်များ မြို့ပေါ်၌ အာရုံရောက်နေချိန်ကျေးရွာဘက်တွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်သားနှစ်ယောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး နေရာတွင် သေဆုံးသွားခဲ့ပြီး အလောင်းကို နီးစပ်ရာ တူးမြောင်း တစ်ခုအတွင်းသို့ ပစ်ချခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူပါလာသော မြန်မာစစ်တပ်ထုတ် G3တစ်လက်နှင့် ၎င်းတို့စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးအား သိမ်းဆီးခဲ့ကြောင်း ZERO Army အဖွဲ့က အသိပေးသည်။

အလားတူ မိတ္ထီလာဘက်မှ မန္တလေးမြို့ဘက်သို့ဦးတည်မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ယာဉ်နောက်မြှီးနှင့် ခါးလယ်ပိုင်းထိခိုက်ခဲ့ပြီး ယာဉ်နောက်တွင်ပါလာသောစစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်း
နှင့် ဘေးတွင်ထိုင်နေသူနှစ်ဦးသာလွတ်မြောက်ခဲ့ကြောင်း Zero Army အဖွဲ့က အသိပေးသည်။

ZERO ARMY အဖွဲ့သားများမှာ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့သည်ဟုထိုအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့ပေါ် အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသည့် ကင်းလှည့် စစ်ကားပေါ် ပေါက်ကွဲမှုတွင်ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲသုံးယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။