Connect with us

Hi, what are you looking for?

News

မိတ္ထီလာမြို့နယ်တွင်Zero Armyက စစ်ကောင်စီတပ်ကိုတိုက်ခိုက်၍ ကိုးဦးထက်မနည်းသေဆုံးဟု ထုတ်ပြန်

မိတ္ထီလာမြို့ပေါ် အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသည့် ကင်းလှည့် စစ်ကားပေါ် ပေါက်ကွဲမှုတွင်ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲသုံးယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းခဲ့သည့် G3သေနတ်အား တွေ့ရစဥ်၊ဓါတ်ပုံ-Zero Army)

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင် မြို့ပေါ် ၌ပေါက်ကွဲမှုဖြစ်နေချိန် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအပါ အဝင် နေရာနှစ်ခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ZERO ARMYအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာလ ၂၅ ရက်)နံနက်ပိုင်းက မိတ္ထီလာမြို့ပေါ်၌ ပေါက်ကွဲမှုဖြစ်နေ၍ စစ်ကောင်စီတပ်များ မြို့ပေါ်၌ အာရုံရောက်နေချိန်ကျေးရွာဘက်တွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်သားနှစ်ယောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး နေရာတွင် သေဆုံးသွားခဲ့ပြီး အလောင်းကို နီးစပ်ရာ တူးမြောင်း တစ်ခုအတွင်းသို့ ပစ်ချခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူပါလာသော မြန်မာစစ်တပ်ထုတ် G3တစ်လက်နှင့် ၎င်းတို့စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးအား သိမ်းဆီးခဲ့ကြောင်း ZERO Army အဖွဲ့က အသိပေးသည်။

အလားတူ မိတ္ထီလာဘက်မှ မန္တလေးမြို့ဘက်သို့ဦးတည်မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ယာဉ်နောက်မြှီးနှင့် ခါးလယ်ပိုင်းထိခိုက်ခဲ့ပြီး ယာဉ်နောက်တွင်ပါလာသောစစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်း
နှင့် ဘေးတွင်ထိုင်နေသူနှစ်ဦးသာလွတ်မြောက်ခဲ့ကြောင်း Zero Army အဖွဲ့က အသိပေးသည်။

ZERO ARMY အဖွဲ့သားများမှာ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့သည်ဟုထိုအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့ပေါ် အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသည့် ကင်းလှည့် စစ်ကားပေါ် ပေါက်ကွဲမှုတွင်ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲသုံးယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook