Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်မြောက်ပိုင်းလမ်းနှစ်ခုသို့ ညဘက်ခရီးမသွားကြရန် CDF များသတိ​ပေး

ထို့အပြင် ကလေးမြို့နှင့် ချင်းတောင်ကြား အောက်တိုဘာ ၂၅ ရက်စတင်ပြီး ခရီးသွားလာခြင်းမပြုရန်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဇိုမီး) အဖွဲ့က သတိပေးထားသည်။

ချင်းပြည်နယ် မြောက်ပိုင်းကို သွားရောက်သည့် အဓိက လမ်းမကြီးနှစ်ခုကို ညဘက်ခရီးမသွားရန် ချင်းပြည်နယ်နှင့်ကလေးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်းနှင့်ဖလမ်းမြို့များကို ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်းလမ်းပိုင်းနှင့် ကလေး- ဂန့်ဂေါလမ်းမကြီးနှစ်ခုကို အောက်တိုဘာ ၂၆ ရက်မှ ၃၁ ရက်အထိ ညနေ ၆ နာရီမှ နံနက် ၆နာရီကြား ခရီးမသွားကြရန် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက သတိပေးထားခြင်းဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ယခုလိုကန့်သတ်ရခြင်းဖြစ်သည်ဟု ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဖြစ်သည့် CDF(ကလေး-ကဘော်- ဂန့်ဂေါ) ကထုတ်ပြန်ထားသည်။ ထိုလမ်းပိုင်းများတွင် အချိန်မရွှေးဖြစ်ပေါ်နိုင်သော အာဏာရှင် သုတ်သင်ရေးတိုက်ပွဲများကြောင့် မှားယွင်းဖောက်ခွဲခံရနိုင်၍ ကြေငြာချက်ကို အထူးအလေးနက်ထားပေးပါရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ထို့အပြင် ကလေးမြို့နှင့် ချင်းတောင်ကြား အောက်တိုဘာ ၂၅ ရက်စတင်ပြီး ခရီးသွားလာခြင်းမပြုရန်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဇိုမီး) အဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)ကလည်း ကလေး-ဂန့်ဂေါလမ်းပိုင်းကို အောက်တိုဘာ ၂၂ ရက်စတင်ပြီး ခရီးသွားလာခြင်းမပြုရန် တားမြစ်ထားသည်။

“PDFတွေရဲ့ တားမြစ်ချက်ကိုတွေ အလေးထားဖို့လိုတယ်လိုထင်တယ်။ ဖြစ်သွားရင် PDFတွေကော၊ ခံရတဲ့သူတွေအတွက်ကော နှစ်ဖက်လုံးမကောင်းဘူး။ ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

တားမြစ်ချင်ကို မလိုက်နာသော High Class မှန်လုံတစ်စီးသည် အောက်တိုဘာ ၂၃ ရက်တွင် ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်း ၆လုံးဖောက်ခွဲခံရပြီး လူလေးဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အောက်တိုဘာ ၂၅ ရက်တွင်လည်း ကလေး-ဂန့်ဂေါလမ်းပိုင်း ကလေးမြို့နယ် စည်သာကျေးရွာနှင့်နတ်မြောင်းကျေးရွာအကြား ကားတစ်စီး မိုင်းဗုံးထိမှန်ပေါက်ကွဲခဲ့ပြီး ကားမောင်းသမားထိခိုက်ဒဏ်ရာရခဲ့သည်။

အောက်တိုဘာ ၂၃ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အိမ်စီးကားများကို အသုံးပြုပြီး ကလေး-ဂန့်ဂေါလမ်းကို အသုံးပြုခဲ့၍ သွားလာနေမူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မူကြောင့် အဆိုပါကားမှာ ချောက်ထဲပြုတ်ကျသွားခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။