Connect with us

Hi, what are you looking for?

News

NUG ယာယီသမ္မတနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့ အွန်လိုင်းကနေ ဆွေးနွေး

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံတဲ့ အထက်ပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလဟာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဂျိတ်ဆူလီဗန်ကို အွန်လိုင်းကနေ ဒီနေ့(အောက်တို ဘာ ၂၅ ရက်) တွေ့ဆုံခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံတဲ့ အထက်ပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံရာမှာ အာဆီယံ သဘောတူညီချက် ၅ချက်အပါအဝင် စစ်ကောင်စီရဲ့ တာဝန်ယူ၊ တာဝန်ခံမှု နဲ့ပတ် သက်လို့ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းမှုများ ၊လူသားခြင်းစာနာထောက်ထားရေးအကူအညီများ ၊ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်လည်း အွန်လိုင်းကနေ တက်ရောက်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။