Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက မန္တလေး-မုံရွာလမ်းပိတ်ထား၍ ကားစီးရေ ရာချီပိတ်မိ

ဒီကနေ့မနက်အစောပိုင်းကတည်းကပိတ်ထားခဲ့ပါတယ်။ ထီးဆောင်းနဲ့ကံဖျားကြားမှ စစ်ကောင်စီက မိုင်းရှင်းနေတယ်လို့ပြောတယ်။ အိမ်စီးကား ခရီးသည်ကားများကိုလည်း ပိတ်ထားတယ်။ တချို့ကားတွေကတော့ ပြန်လှည့်သွားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး-မုံရွာကားလမ်းမကြီး၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီက လမ်းပိတ်ထားသည့်အတွက် ကားအစီးရေရာချီပိတ်မိနေကြောင်း ဒေသခံများကပြောသည်။

ယနေ့(အောက်တိုဘာလ ၂၆ရက်)နေ့နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းတိုက်နယ်ရဲစခန်းရှေ့တွင် မန္တလေး-မုံရွာလမ်း ကားလမ်းမကြီးအား ပိတ်ထားလိုက်ကြောင်း၊ မုံရွာဘက်ခြမ်းနှင့် မန္တလေးဘက်ခြမ်းပိတ်မိနေသည့်ကားအစီးရေ နှစ်ရာကျော်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ဒီကနေ့မနက်အစောပိုင်းကတည်းကပိတ်ထားခဲ့ပါတယ်။ ထီးဆောင်းနဲ့ကံဖျားကြားမှ စစ်ကောင်စီက မိုင်းရှင်းနေတယ်လို့ပြောတယ်။ အိမ်စီးကား ခရီးသည်ကားများကိုလည်း ပိတ်ထားတယ်။ တချို့ကားတွေကတော့ ပြန်လှည့်သွားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာဘက်ခြမ်းမှလာသည့် ပိတ်မိနေသောကားတန်းသည် မြင်းမူမြို့အနီးတိုးဂိတ်အထိ ရှည်လျားကြောင်း၊ မန္တလေးနှင့် မုံရွာဘက်များမှယာဉ်များ မလာသင့်သေးကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါယာဥ်တန်းပိတ်မိနေသော နေရာနှင့်မနီးမဝေးရှိ မြင်းမူ-အရာတော်လမ်းပေါ်တွင် ယခင်ရက်ပိုင်းက စစ်ကောင်စီတပ်ကားများ မိုင်းခွဲခံခဲ့ရဖူးသည်။

ဓါတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook