Connect with us

Hi, what are you looking for?

News

KTVကပြန်လာသော ဒုရဲအုပ်နှင့်ရဲတပ်သားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ၍သေ

တစ်ယောက် ကို ခုနှစ်ချက် နဲ့ အနီးကပ် ပစ်သတ်သွားတယ်။ပြီးတော့ သေနတ် နှစ်လက်ပါ ယူသွားတယ်လို့ ပြောတယ်”ဟု မုံရွာ မြို့နေသူတစ်ဦးက ပြောသည်။

မုံရွာမြို့တွင် ကေတီဗီမှ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်သားတစ်ဦးတို့ယနေ့(အောက်တိုဘာ၂၆) နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပစ်သတ်၍ သေဆုံးသွားကြောင်း မုံရွာမြို့ ဒေသခံများက ပြောသည်။

ယနေ့ နံနက်၄နာရီဝန်းကျင်ခန့်က KTVကပြန်လာသည့်ဒုရဲအုပ် ဝင်းကျော်မျိုးနှင့်ရဲတပ်သားတစ်ဦးတို့ကို SIAတပ်ဖွဲ့များက စက်မှုဇုန်ရပ်ကွက် စွယ်တော်လမ်းအရောက်၌ ဆည်းကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SIAအဖွဲ့တာဝန်ရှိသူများက ဒေသတွင်းသတင်းများဖော်ပြပေးနေသော RNAကို အတည်ပြုထားသည်။

“တစ်ယောက် ကို ခုနှစ်ချက် နဲ့ အနီးကပ် ပစ်သတ်သွားတယ်။ပြီးတော့ သေနတ် နှစ်လက်ပါ ယူသွားတယ်လို့ ပြောတယ်”ဟု မုံရွာ မြို့နေသူတစ်ဦးက ပြောသည်။

အဆိုပါ ဒုရဲအုပ် နှစ်ဦးကို ပျောက်ကြားတော်လှန်ရေးအဖွဲ့ SIA မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့် ကျည်ဆံများပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ယနေ့ နံနက်ပိုင်းတွင်ဓါတ်ပုံနှင့်တကွ ကြေညာသည်။

Public Service Announcement

Public Service Announcement

“ဟုတ်တယ်ဗျ၊မနက်က ၄နာရီကျော်လောက်ပေါ့နော်၊သူတို့က KTVကပြန်လာတာ၊ကျွန်တော်တို့က လမ်းမှာစောင့်နေတာ၊သူတို့လဲတွေ့ရော တိုက်ခိုက်တာပေါ့ဗျာ၊ဒုရဲအုပ်အပါအဝင်ရဲတပ်သားတစ်ဦး အဲ့နေရာမှာ ပွဲချင်းပြီးသေတယ်၊သူတို့ပါလာတဲ့သေနတ်နဲ့ကျည်ဆံတွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်၊ ကျနော်တို့အဖွဲ့ကတော့ တစ်ယောက်မှ ထိခိုက်မှုမရှိဘူး”ဟု ဗိုလ်ခွန်ဆာက ပြောကြားသည်။

SIAအဖွဲ့မှ ဗိုလ်ခွန်ဆာဦးဆောင်ပြီး ဂျောင်းဖော့ဘရန်ဆန်နှင့်ရဲဘော်သုံးဦးဆည်းကြိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်ဝင်းကျော်မျိုးနှင့်ရဲတပ်သားတစ်ဦးတို့မှာနေရာမှာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ သေဆုံးသူနှစ်ဦး၏ အလောင်းကို စစ်ကောင်စီတပ်က နံနက် ၆ နာရီဝန်းကျင်တွင်လာရောင်သယ်ဆောင်ခဲ့သည်။

ထို့အပြင် အောက်တိုဘာ၂၅ရက် ည၁၁နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံလေးဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

လက်ရှိတွင် မုံရွာမြို့အဝင်အထွက် ဂိတ်များကို စစ်ကောင်စီက တားဆီးပိတ်ဆို့မှုများပြုလုပ်နေသည့် အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်များလည်း မြို့ပေါ် ၌ ပျံဝဲနေကြောင်းဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။