Connect with us

Hi, what are you looking for?

News

YMBA ရုံးချုပ်သို့ ထမင်းချိုင့်​ပို့​ပေး​နေသည့် အမျိုးသမီး အသတ်ခံရ

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မျိုးမျိုးဆင့်သည် ပုဇွန်တောင်မြို့နယ်(၉)ရပ်ကွက်တွင် နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီသတင်းပေး၍လည်း နာမည်ကြီးသူဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( YMBA)ရုံးချုပ်သို့ ပုံမှန်ထမင်းချိုင့် ပို့ပေးသူ မမျိုးမျိုးဆင့်အား ယနေ့(​အောက်တိုဘာ၂၆) နံနက်ပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့သည်ဟု 44st-UG မြို့ပြပြောက်ကြားတပ်ဖွဲ့ က ထုတ်ပြန်သည်။

“ဒီ မနက် ၉ နာရီကျော်လောက်မှာ ရေကျော်စျေးနားမှာ ပစ်သွားတာ။လေးချက်လောက်ရှိတယ်။ သေ၊မသေတော့ မသိဘူး”ဟု ပုဇွန်တောင်မြို့နယ် နေသူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မျိုးမျိုးဆင့်သည် ပုဇွန်တောင်မြို့နယ်(၉)ရပ်ကွက်တွင် နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီသတင်းပေး၍လည်း နာမည်ကြီးသူဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ လက်ကျန် စစ်ကောင်စီ သတင်းပေးများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျင် အသက်အန္တရာယ်ရှိနိုင်သည်ဟုလည်း44st-UG က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်၌ အခင်းဖြစ်ပွားရာ ရေကျော်လမ်းမကြီး၊ အထက်ပုဇွန်တောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အကြမ်းဖက်စစ်ကောင်စီက လမ်းများပိတ်ဆို့၍ စစ်ဆေးနေသည်။

ပုံစာ – ရန်ကုန်မြို့ လမ်းမတစ်ခုပေါ်တွင် စစ်​ကောင်စီတပ်သားများကို တွေ့ရစဉ်။
ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။