Connect with us

Hi, what are you looking for?

News

အရာ​တော် ၊မြင်းမူနှင့် ဝက်လက်နယ်ရှိ ကားလမ်းများတွင် ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် ​ဒေသတွင်း PDF သတိပေး

မဖြစ်မနေသွားလာရန်ကိစ္စများရှိလာပါကလည်း စစ်ကောင်စီယာဉ်များနှင့် နီးကပ်စွာသွားလာခြင်းမပြုဘဲ ဝေးဝေးကခွာပြီး သွားလာကြပါရန် ARAက ထက်မံအသိပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်၊ မြင်းမူနှင့် ဝက်လက်နယ်များရှိ ကားလမ်းများတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက ယနေ့(အောက်တိုဘာလ ၂၆ ရက်)တွင် သတိပေးသည်။

အရာတော် – ထီးဆောင်း – မြင်းမူ လမ်းပိုင်းတွင်အကြမ်း ဖက်စစ်တပ်ယာဉ်များ ခြေရှုပ်သွားလာလျက်ရှိသော ကြောင့် ခရီးသွားလာစရာရှိသောပြည်သူများ၊ အိမ်စီးကားများ၊ လိုင်းကားများ၊ ကုန်ကားများအနေဖြင့် အဆိုပါ အရာတော် – ထီးဆောင်း – မြင်းမူ လမ်းပိုင်းကို
အထူးရှောင်ရှားပြီး သွားလာပေးကြပါရန် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARAက သတိပေးနှိုးဆော်ထားသည်။

မဖြစ်မနေသွားလာရန်ကိစ္စများရှိလာပါကလည်း စစ်ကောင်စီယာဉ်များနှင့် နီးကပ်စွာသွားလာခြင်းမပြုဘဲ ဝေးဝေးကခွာပြီး သွားလာကြပါရန် ARAက ထက်မံအသိပေးထားသည်။

နံနက်ပိုင်းကလည်း ထီဆောင်း(၃)လမ်းဆုံနှင့် အရာတော်မြို့ တောင်ဘက်အထွက် ပင်တဂွန်အကျော်တွင်လည်း မအလတပ်ဖွဲ့များရောက်ရှိလာကာ လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့ကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ် ထီးဆောင်း-နောင်ကြီးအိုင် လမ်းမပေါ်သို့ လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြပါရန်နှင့် မိမိတို့ အိမ်၌သာ နေထိုင်ကြပါရန် မြင်းမူ PDFက မေတ္တာရပ်ခံထားသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင်နေထိုင်သော မိဘပြည်သူများနှင့် ခရီးသွားများအားလုံး မလိုအပ်ပဲ ဘယ်မှမသွားကြရန် ဖောင်းဒိုင်း၊ဖောင်းဒိုင်း၊ ဖောင်းဒိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးမှ ပြောကြားထားသည်။

အရာတော်၊ဝက်လက်၊ မြင်းမူ၊ မြောင်နှင့် ချောင်းဦး အစရှိသည့်မြို့နယ်များတွင်လည်း အကြမ်းစစ်ကောင်စီ ၏တပ်များ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook