Connect with us

Hi, what are you looking for?

News

အာဏာသိမ်း မြန်မာစစ်တပ်ကို အာဆီယံ ညီလာခံမှာ ဘိုင်ဒန် ရှုတ်ချ

အာဆီယံက မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ် စေလွှတ်နိုင်ကြောင်း ကမ်းလှမ်းခဲ့ပေမယ့် မင်းအောင်လှိုင်က သူကိုယ်တိုင်၊ ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး တက်ခွင့်မရရင် အာဆီယံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ကိစ္စကို ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်မှုတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အာဆီယံ ထိပ်သီး ညီလာခံကို အွန်လိုင်းက ချိတ်ဆက် တက်ရောက်ချိန်မှာ ဘိုင်ဒန်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခုလို ပြောဆိုသွားတာပါ။ ဘိုင်ဒန်က မြန်မာစစ်တပ် ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်ဖို့၊ မတရား ဖမ်းဆီး ခံထားရသူတွေကို ချက်ချင်း ပြန်လွှတ်ဖို့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး လမ်းကြောင်းပေါ် ပြန်လည် တည့်မတ်စေဖို့ တောင်းဆိုသွားကြောင်း သိရပါတယ်။

အခုနှစ် အာဆီယံ ညီလာခံမှာ မြန်မာနိုင်ငံက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် အာဆီယံက အချက် ၅ ချက် တောင်းဆိုထားပေမယ့် တိုးတက်မှု မရှိတဲ့နောက် အစည်းအဝေးကို မဖိတ်ကြားဖို့ အဖွဲ့ဝင် နိုင်ငံတွေ ညှိနှိုင်း ဆုံးဖြတ်ခဲ့ပါတယ်။

အာဆီယံက မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ် စေလွှတ်နိုင်ကြောင်း ကမ်းလှမ်းခဲ့ပေမယ့် မင်းအောင်လှိုင်က သူကိုယ်တိုင်၊ ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး တက်ခွင့်မရရင် အာဆီယံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံရဲ့ ကြေညာချက်အရ မြန်မာဟာ အဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။ အာဆီယံက မြန်မာကို နှင်ထုတ်ခဲ့တာ မဟုတ်ကြောင်း၊ မြန်မာကသာ ကိုယ်စားလှယ် စေလွှတ်နိုင်မယ့် ကိုယ့်အခွင့်အရေးကိုယ် အဆုံးရှုံး ခံလိုက်တာဖြစ်ကြောင်း လာမယ့်နှစ်မှာ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူမယ့် ကမ္ဘောဒီးယား နိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်းက ပြောကြားသွားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကလည်း အာဆီယံဟာ မြန်မာအတွက် နေရာတစ်ခု ပြင်ဆင်ထားပေးပေမယ့် မြန်မာဖက်က လာမချိတ်ဆက်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာမပါတဲ့ အဖွဲ့ဝင် ၉ နိုင်ငံနဲ့ အမေရိကန် အပါအဝင် မိတ်ဖက် နိုင်ငံတွေ အွန်လိုင်းက ချိတ်ဆက် တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံရဲ့ လက်ရှိ သဘာပတိ ဘရူနိုင်းနိုင်ငံ စော်ဘွား ဟက်ဆာနဲလ် ဘိုခီရာက မြန်မာနိုင်ငံမှာ ပုံမှန် အခြေအနေတွေ ပြန်ရောက်ဖို့ အချိန်တစ်ခု လိုအပ်ကြောင်းနဲ့ အာဆီယံရဲ့ ပြည်တွင်းရေး မစွက်ဖက်မှု မူဝါဒကို ဆက်လက် လေးစားဖို့ ပြောပါတယ်။

ကိုယ်တိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကတော့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း တိုက်တွန်းသွားပါတယ်။ မြန်မာ့ အရေးဟာ အာဆီယံရဲ့ ဂုဏ်သတင်းနဲ့ ပြဿနာတွေ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းကို အကဲဖြတ်မယ့် ပြဿနာ တစ်ရပ်လို့လည်း ပယာရွတ်သ်က သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်တပ်က အာဆီယံ ထိပ်သီးညီလာခံရဲ့ ဖိတ်ကြားမှု မခံရတဲ့အပေါ် ဆန္ဒပြနေချိန်မှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရကတော့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု မဟုတ်ပေမယ့် ဘိုင်ဒန်က အင်ဒို-ပစိဖိတ် ဒေသမှာ ပြိုင်ဘက် တရုတ်နိုင်ငံရဲ့ ဩဇာ ဖြန့်ကျက်မှုတွေကို တွန်းလှန်ဖို့အတွက် အရှေ့တောင်အာရှ အရေးကိစ္စတွေကို ပိုမို အာရုံစိုက်လာဖွယ် ရှိနေကြောင်းလည်း နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။