Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကန့်အသတ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲဆို

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

People’s Spring

နယ်စပ်လုံခြုံရေး ကဏ္ဍအတွက် အိမ်နီးချင်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကန့်သတ် လျှော့ချထားတဲ့ အကြောင်းရင်းကို ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

နယ်စပ်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး အင်အားစုတွေကို တုံ့ပြန်ရာမှာ မြန်မာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နည်းပါးတာဟာ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှာဖျူဒင် အာမက်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ ရှိတာတွေကို မြန်မာ စစ်အာဏာပိုင်တွေနဲ့ ထိတွေ့ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့လည်း နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ရောယှက်လာတဲ့အခါ အခက်အခဲတွေ တွေ့ရကြောင်း သူက ပြောပါတယ်။

နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ညီမျှတဲ့ သံတမန်ရေး ဟန်ချက်မျိုးကို ထိန်းထားဖို့ အရေးကြီးကြောင်း၊ တစ်နိုင်ငံကို ဖိပြီး တခြားနိုင်ငံတစ်ခုကို မျက်နှာသာ ပေးတာမျိုး လုပ်လို့မရကြောင်းလည်း အာမက်က ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အာဏာသိမ်း စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ပြဿနာကိုလည်း လောလောဆယ် ဘင်္ဂလားဒေ့ရှ်က ကိုင်တွယ်နေရပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာဖက်က ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ လမ်းချော်လာတဲ့ ကျည်ဆန်တွေ ထိမှန်မှု၊ မြေမြှုပ်မိုင်းနဲ့ တခြားစစ်လက်နက်တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတချို့ ထိခိုက်သေဆုံးမှုတွေလည်း ဖြစ်ပေါ်​နေပါတယ်။

ကိုးကား: BDNews

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။