Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ် ကင်းရွာမှ ပြည်သူသုံးဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွားဟု ဒေသခံပြော

“အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေက ကြီးလန့်စာစား ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကင်းရွာမှ ဒေသခံ ပြည်သူသုံးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(​အောက်တိုဘာ၂၇)နံနက်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကင်းရွာကို အောက်တိုဘာ၂၄ရက်ကတည်းက လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ၊ ယနေ့မနက်တွင် အဆိုပါရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ကိုအောင်သူမိုး၊ ကိုထွန်းထွန်းနှင့် အခြား အမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးသွားသည်ဟု ၎င်းက ဆိုသည်။

“အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေက ကြီးလန့်စာစား ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။

အောက်တိုဘာ ၂၄ရက်က တပ်စွဲထားသည့် စစ်ကောင်စီတပ်ကမူ ကျေးရွာ၌ ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကျေးရွာမှာရှိနေတဲ့ လူတွေအကုန်လုံးက တောလည်း မထွက်နိုင်သလို အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်ဘူး”ဟု ဒေသခံက ပြောသည်။

ဒေသခံ သုံးဦးကို မည်သည့်အတွက်ကြောင့်ဖမ်းဆီး သည်ဆိုသည်ကို မသိရသေးကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့်ယခင်ကလည်း ကင်းရွာသို့ အကြိမ်ကြိမ် ဝင်ရောက်ပြီး ပြည်သူလူထုအား ဖမ်းဆီးဒုက္ခပေးခြင်းများရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၆ရက်ကလည်း မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများနှင့် တောတောင်များသို့ ဝင်ရောက်စီးနင်းပြီး တောထဲ၌ တိမ်းရှောင်နေသည့် ပြည်သူအချို့ကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook