Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်း​ပေါ်တွင် စစ်​ကောင်စီတပ်ကိုနှစ်ကြိမ်မိုင်းခွဲတိုက်ခိုက် ၁၀ဦးခန့်​သေဟု ​​တော်လှန်​ရေးအဖွဲ့များထုတ်ပြန်

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုတွင် Local Pdf ပြည်သူ့ ရဲဘော် တစ်ဦး တစ်ယောက် ဒဏ်ရာရရှိခြင်း၊ ကျဆုံးခြင်းမရှိကြောင်း ၎င်းတို့က အသိပေးသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်​ခြောက်ဖွဲ့ပေါင်းကာ နှစ်ကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက အသိပေးသည်။

ယနေ့( အောက်တိုဘာလ ၂၇ ရက်) နံနက် ၆နာရီဝန်းကျင်ခန့်က မုံရွာမြို့မှ စစ်ကိုင်းသို့ သွားနေသည့် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင်စစ်ကား ​လေးစီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အ​ပြင် အလ္လကပ္ပကျေးရွာနှင့် ဝင်းပြည့်ကျေးရွာကြားတွင်လည်း စစ်ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊မိုင်းခွဲတိုက်ခိုက်မှု နှစ်ကြိမ်တွင် စစ်သား ၁၀ဦးခန့် သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက အသိပေးသည်။

မဟာမိတ်အဖွဲ့တွင် မြင်းမူမြို့နယ် Black Eagle Defence Force – MMU အဖွဲ့ဦးဆောင်ပြီး Myin Mu Defence Force ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Defence Force Myinmu_MMPDF ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM နှင့် Myaung Special People’s Defense Force – MSPDF စသည့်အဖွဲ့များ ပါဝင်သည်။

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုတွင် Local Pdf ပြည်သူ့ ရဲဘော် တစ်ဦး တစ်ယောက် ဒဏ်ရာရရှိခြင်း၊ ကျဆုံးခြင်းမရှိကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။