Connect with us

Hi, what are you looking for?

News

ညမထွက်ရအမိန့်ထုတ်ထားတဲ့ မန္တလေး မှာ NLD တိုင်းရုံး ညပိုင်းဖောက်ခွဲဖျက်ဆီးခံရ

ဖောက်ခွဲဖျက်ဆီးခံရတဲ့ NLD တိုင်းရုံးဟာ စစ်ကောင်စီက အာဏာသိမ်းပြီး ချိတ်ပိတ်ထားတဲ့အဆောက်အအုံလည်းဖြစ်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားတဲ့ မန္တလေးမှာ မနေ့က အောက်တိုဘာလ ၂၇ ရက် ည ၁၂ နာရီလောက်က NLD တိုင်းရုံး ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၆၂လမ်း ၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးရဲ့ တတိယထပ်နဲ့ စတုတ္ထထပ်တို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အဲဒီရပ်ကွက်မှာနေကြသူတွေကပြောပြပါတယ်။

“ည၁၂နာရီလောက်ကကွဲတာ ။ ဘေးအိမ်တွေပါ မှန်တွေအကုန်ကွဲကုန်တာ ။ပေါက်ကွဲအားကတော်တော်ပြင်းတယ်။ လမ်းမပေါ်မှာတင်ကို ပျက်စီးတာတွေရှိခဲ့တယ် ။ အခုမနက်တော့ရှင်းပြီးသွားပြီ” လို့ NLDတိုင်းရုံးတည်ရှိရာ မြင်းတန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပါတယ် ။

ဖောက်ခွဲဖျက်ဆီးခံရတဲ့ NLD တိုင်းရုံးဟာ စစ်ကောင်စီက အာဏာသိမ်းပြီး ချိတ်ပိတ်ထားတဲ့အဆောက်အအုံလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အဲဒီရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်များနဲ့ စောင့်ကြည့်တာတွေပြုလုပ်နေတာလည်းရှိပါတယ်။

ပေါက်ကွဲမှုကြောင့် NLD တိုင်းရုံးရဲ့ရှေ့မျက်နှာစာမှာ ပျက်စီးမှုတွေရှိခဲ့ပြီး ဒုတိယထပ်၊ တတိယထပ်နဲ့ စတုတ္ထထပ်နံရံတွေ ပျက်စီးသွားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ထားဝယ်မှာရှိတဲ့ NLD တိုင်းရုံး ဖောက်ခွဲဖျက်ဆီးခံရပြီး ၂ ထပ်အဆောက်အအုံဟာ ပြိုကျပျက်စီးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။