Connect with us

Hi, what are you looking for?

News

ဖယ်ခုံရှိ အရပ်သား ၁၀ဦးကျော်ကို စစ်ကောင်စီတပ်ကဖမ်းပြီး လူသားဒိုင်းအဖြစ်အသုံးပြု

စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာအတွင်းရှိ ပြည်သူမျး၏ နေအိမ်များကို ဖောက်ထွင်းပြီးပစ္စည်းများ ဖျက်ဆီးခြင်း၊ ငွေကြေးများယူဆောင်ခြင်းအပါအဝင် ပြည်သူများအပေါ် မတရားအနိုင်ကျင့်နေကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ ရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ထားကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDF) ဖယ်ခုံဇုန်က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

KNDF ဖယ်ခုံဇုန်က ထုတ်ပြန်သည့် ဓာတ်ပုံထဲတွင် သက်ကြီးရွယ်အိုအပါအဝင် အရပ်သား ၁၂ဦးထက်မနည်းကို တန်းစီပြီး ကြိုးချည်ကာ မျက်နှာအဝတ်စည်း ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာအတွင်းရှိ ပြည်သူမျး၏ နေအိမ်များကို ဖောက်ထွင်းပြီးပစ္စည်းများ ဖျက်ဆီးခြင်း၊ ငွေကြေးများယူဆောင်ခြင်းအပါအဝင် ပြည်သူများအပေါ် မတရားအနိုင်ကျင့်နေကြောင်း ဖော်ပြထားသည်။

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်းများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွှေပြည်အေးရွာမှ နေအိမ် ငါးလုံးနှင့် ဆေးခန်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး ရွာသူရွာသား ၃၅၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။