Connect with us

Hi, what are you looking for?

News

နယ်ပယ်စုံက အနုပညာရှင်တွေပါဝင်မယ့် အွန်လိုင်းဖျော်ဖြေပွဲကြီးလာမည်

လက်မှတ်ရောင်းရငွေများ၊ အလှူငွေများကို ခက်ခဲသောဒေသပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ်ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း NUG က ကြေညာထားသည်။

တော်လှန်ရေးတွင်ပါဝင်သည့် နယ်ပယ်ပေါင်းစုံမှ အနုပညာရှင်များပါဝင်တင်ဆက်မည့် “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ပွဲကို နိုဝင်ဘာ ၁၃ တွင် Virtual Concert အဖြစ်ပြုလုပ်မည်ဖြစ်သည်။

“စစ်အာဏာရှင်စနစ်အား အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာ တို့ဖြင့် အဘက်ဘက်မှတော်လှန်ရင်း နွေဦးတော်လှန်ရေး၏အောင်လံကို ပြည်သူ့ထံအပ်နှင်းရန် ရည်သန်လျက် … စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ်ပြုလုပ်သော “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ပညာရေးရန်ပုံငွေ အနုပညာဖျော်ဖြေတင်ဆက်ပွဲ (virtual live show) ကို နိုဝင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည (၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်”ဟု NUG ၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

ယင်းဖျော်ဖြေပွဲတွင် တော်လှန်ရေး၌ ပါဝင်နေသည့် အနုပညာရှင်များဖြစ်သည့် မင်းမော်ကွန်း၊ ကိုပေါက်၊ R ဇာနည်၊ ဒေါင်း၊ နိုဗန်ထူး၊ ဒေးဗစ်လိုင်၊ သီဟ၊ မူးလာ၊သွန်းနေစိုး၊ ချမ်းချမ်း၊ မြနှင်းရည်လွင်၊ မိုင်းမိုင်ဆိုင်း၊ ရေဗက္ကာတို့ နှင့် အတူ မင်းကိုနိုင်လည်းပါဝင်တင်ဆက်ပေးမည်ဖြစ်သည်။

ဖျော်ဖြေပွဲတွင်ပါဝင်သူများက တော်လှန်ရေးတေးသီချင်းများ၊ ကဗျာများ ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင် နှင့် အခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အနုပညာရှင်များ၏ အမှတ်တရပစ္စည်းများကိုလည်း မေတ္တာလက်ဆောင်အဖြစ် မဲဖောက်ပေးအပ်မည့်အစီအစဉ်လည်း ပါဝင်ပါမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်မှတ်ရောင်းရငွေများ၊ အလှူငွေများကို ခက်ခဲသောဒေသပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ်ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း NUG က ကြေညာထားသည်။

ယင်းဖျော်ဖြေပွဲလက်မှတ်ရောင်းချမည့်အစီအစဥ်ကို ထပ်မံကြေညာပေးမည်ဖြစ်ပြီး ပွဲကျင်းပမည့်အစီအစဥ်ကို လက်မှတ်၌ ဖော်ပြပေးမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။