Connect with us

Hi, what are you looking for?

LuduNwayOo

News

နယ်ပယ်စုံက အနုပညာရှင်တွေပါဝင်မယ့် အွန်လိုင်းဖျော်ဖြေပွဲကြီးလာမည်

လက်မှတ်ရောင်းရငွေများ၊ အလှူငွေများကို ခက်ခဲသောဒေသပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ်ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း NUG က ကြေညာထားသည်။

တော်လှန်ရေးတွင်ပါဝင်သည့် နယ်ပယ်ပေါင်းစုံမှ အနုပညာရှင်များပါဝင်တင်ဆက်မည့် “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ပွဲကို နိုဝင်ဘာ ၁၃ တွင် Virtual Concert အဖြစ်ပြုလုပ်မည်ဖြစ်သည်။

“စစ်အာဏာရှင်စနစ်အား အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာ တို့ဖြင့် အဘက်ဘက်မှတော်လှန်ရင်း နွေဦးတော်လှန်ရေး၏အောင်လံကို ပြည်သူ့ထံအပ်နှင်းရန် ရည်သန်လျက် … စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ်ပြုလုပ်သော “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ပညာရေးရန်ပုံငွေ အနုပညာဖျော်ဖြေတင်ဆက်ပွဲ (virtual live show) ကို နိုဝင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည (၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်”ဟု NUG ၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

ယင်းဖျော်ဖြေပွဲတွင် တော်လှန်ရေး၌ ပါဝင်နေသည့် အနုပညာရှင်များဖြစ်သည့် မင်းမော်ကွန်း၊ ကိုပေါက်၊ R ဇာနည်၊ ဒေါင်း၊ နိုဗန်ထူး၊ ဒေးဗစ်လိုင်၊ သီဟ၊ မူးလာ၊သွန်းနေစိုး၊ ချမ်းချမ်း၊ မြနှင်းရည်လွင်၊ မိုင်းမိုင်ဆိုင်း၊ ရေဗက္ကာတို့ နှင့် အတူ မင်းကိုနိုင်လည်းပါဝင်တင်ဆက်ပေးမည်ဖြစ်သည်။

ဖျော်ဖြေပွဲတွင်ပါဝင်သူများက တော်လှန်ရေးတေးသီချင်းများ၊ ကဗျာများ ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင် နှင့် အခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အနုပညာရှင်များ၏ အမှတ်တရပစ္စည်းများကိုလည်း မေတ္တာလက်ဆောင်အဖြစ် မဲဖောက်ပေးအပ်မည့်အစီအစဉ်လည်း ပါဝင်ပါမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်မှတ်ရောင်းရငွေများ၊ အလှူငွေများကို ခက်ခဲသောဒေသပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ်ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း NUG က ကြေညာထားသည်။

ယင်းဖျော်ဖြေပွဲလက်မှတ်ရောင်းချမည့်အစီအစဥ်ကို ထပ်မံကြေညာပေးမည်ဖြစ်ပြီး ပွဲကျင်းပမည့်အစီအစဥ်ကို လက်မှတ်၌ ဖော်ပြပေးမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

သတင်း

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။