Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့၌ စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်အပေါ် အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု CRPH ထုတ်ပြန်

အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထန်တလန်မြို့ရှိ အရပ်သားပြည်သူများ၏ နေအိမ် ၁၆၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံများ မီးလောင် ပျက်စီးခဲ့သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်၍ လိုအပ်သည့် အရေးယူဆောင် ရွက်မှုများ ပြုလုပ်နိုင်ရေး ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က သဘောထား ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတစ်ဝှမ်းနှင့် ချင်းပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထန်တလန်မြို့ရှိ အရပ်သားပြည်သူများ၏ နေအိမ် ၁၆၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံများ မီးလောင် ပျက်စီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း CRPHက ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်အတွင်းရှိ အရပ်သားပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူများသည် စစ်ဘေး ဒဏ်ပြင်းထန်စွာခံစားရလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် အသိပေးကြောင်း CRPHက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook