Connect with us

Hi, what are you looking for?

News

အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်မြန်မာနိုင်ငံကိုလာရောက်မယ်လို့ဆို

ဘီလ်ရစ်ချက်ဆန်ရဲ့ မြန်မာနိုင်ငံသွားရောက်မယ့်မစ်ရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ် သိရှိထားတယ်လို့ ရစ်ချက်ဆန်ရဲ့ပြောရေးဆိုခွင့်ရှိသူ Madeleine Mahony က ပြောပါတယ်။

အမေရိကန်သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်ဟာ ကိုဗစ်ကပ်ဘေးကူညီထောက်ပံ့ရေးကို အဓိကထားမယ့် ပုဂ္ဂလိကလူသားချင်းစာနာမှု မစ်ရှင်တစ်ခုအတွက် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ၎င်းရဲ့ပြောရေးဆိုခွင့် ရှိသူက မနေ့က(အောက်တိုဘာ ၃၁ ရက်)က ပြောပါတယ်။

ဘီလ်ရစ်ချက်ဆန်စင်တာဟာ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ရာမှာ ရှည်လျားတဲ့သမိုင်း ကြောင်းရှိခဲ့တယ်လို့ပြောပေမယ့် သူ့ခရီးစဉ်ထုတ်ပြန်ချက်မှာ အာဏာသိမ်းမှုကို ဖော်ပြမထားဘဲ မြန်မာနိုင်ငံမှာ ဘယ်သူတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်ဆိုတာလည်းအသေးစိတ်မပါရှိဘူးလို့ AP သတင်းဌာနကဆိုပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့အဆက်အသွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ COVID-19 ကာကွယ်ဆေးတွေ၊ ဆေးဘက်ဆိုင်ရာအကူအညီတွေနဲ့ အခြားသော အများပြည်သူ ကျန်းမာ ရေးလိုအပ်ချက်တွေရဲ့ လူသားချင်းစာနာမှုပေးရေးအတွက် လမ်းကြောင်းတွေ ဆွေးနွေးဖို့ သွား ရောက်တာဖြစ်ပါတယ်” လို့ ရစ်ချက်ဆန်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘီလ်ရစ်ချက်ဆန်ရဲ့ မြန်မာနိုင်ငံသွားရောက်မယ့်မစ်ရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် သိရှိထားတယ်လို့ ရစ်ချက်ဆန်ရဲ့ပြောရေးဆိုခွင့်ရှိသူ Madeleine Mahony က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနကတော့ ခရီးစဉ်နဲ့ပတ်သက်လို့ ချက်ချင်းတုံ့ပြန်တာမရှိသေးပါဘူး။

အမေရိကန်သံတမန်နဲ့ နယူးမက္ကစီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ချက်ဆန်ဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီရဲ့ အကြံပေးအဖွဲ့စတင်ဖွဲ့စည်းချိန်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအကြံပေးအဖွဲ့ရဲ့ ၂၀၁၈ ဩဂုတ် မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘီလ်ချက်ဆန်ကို အဖွဲ့ ဝင်တာဝန်ကနေ ရပ်စဲကြောင်း NLD အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook