Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့တိုက်ခိုက်မှုတွေ တာဝန်ခံမှုရှိစေရေး အရေးပေါ်ဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို အမေရိကန်တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝန်းဟာ မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းခြင်းကိုပိတ်ပင်ခြင်းအပါအဝင် ဆိုးရွားတဲ့အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့ အရေးယူ ဆောင်ရွက်ဖို့လည်း အမေရိကန်က တိုက်တွန်းပါတယ်။

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တာ ဝန်ခံမှုရှိစေရေး နိုင်ငံတကာအသိုင်းအဝန်းက အရေးပေါ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က(အောက်တိုဘာ ၃၁ ရက်)တိုက်တွန်းထုတ်ပြန်ပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေနဲ့လူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အစီရင်ခံစာတွေ အပါအဝင် ချင်းပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေရဲ့အစီရင်ခံစာတွေအပေါ် အမေရိကန်က လွန်စွာစိုးရိမ်မိကြောင်း ထုတ်ပြန်ပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းဟာ မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းခြင်းကိုပိတ်ပင်ခြင်းအပါအဝင် ဆိုးရွားတဲ့အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့ အရေးယူ ဆောင်ရွက်ဖို့လည်း အမေရိကန်က တိုက်တွန်းပါတယ်။

ပြည်သူတွေအပေါ်၊ သူတို့ရဲ့နေအိမ်တွေနဲ့ ဝတ်ပြုရာနေရာတွေကို မြန်မာစစ်တပ်ရဲ့ အခုလို လူမဆန်တဲ့လုပ်ဆောင်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဒါဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ လုံး၀ဂရုမစိုက်မှုကို ပြသနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့ မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးအရှိန်မြှင့်နေမှုကို လွန်စွာ စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်ဟာ မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကျူးလွန်ဖွယ်ရှိမှုတွေကို တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆက် လက်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

နောက်ပြီး အမေရိကန်ဟာ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံပံ့ပိုးသွားမှာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ အကျပ်အ တည်းကိုငြိမ်းချမ်းစွာဖြေရှင်းရေး ဆီဦးတည်တဲ့လုပ်ဆောင်မှုအားလုံးကို ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook