Connect with us

Hi, what are you looking for?

News

နေပြည်တော် ခုခံတော်လှန်တိုက်ပွဲများတွင် တစ်လအတွင်းစစ်ကောင်စီတပ် ၃၉ ဦးသေ ၊ ပြည်သူ့တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးဟု နေပြည်တော် PDFထုတ်ပြန်

ညနေ ၅ နာရီခန့်တွင် ရန်သူ့ဘက်မှ အရပ်သားယောင်ဆောင်ကာ အလစ်ဝင်တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီဘက်မှထိခိုက်မှုမရှိဘဲ နေပြည်တော်) တပ်ရင်း (၈၀၁)၊ တပ်ခွဲ (၁) မှ ဆေးမှူး တပ်စုမှူး ကိုကိုအောင်(ခ) ကိုဇော်နှင့် တပ်ခွဲ (၄) မှ စိုးမင်းထွေး(ခ)ကိုသီဟတို့နှစ် ဦးထိခိုက် ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ပြည်သူ့ကာကွယ်ရေတပ်တော်(နေပြည်တော်)နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ အောက်တိုဘာအတွင်း အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၉ ဦးသေဆုံးခဲ့ပြီး PDFဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း နေပြည်တော် PDFက ထုတ်ပြန်သည်။

အောက်တိုဘာလအတွင်း စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) တပ်ရင်း (၈၀၁) အထူးအဖွဲ့နှင့် မဟာမိတ် အထူးဒေသလက်နက် ကိုင်အဖွဲ့တို့ ပူးပေါင်း၍ နေပြည်တော် ပျဥ်းမနားမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ဒေသအခေါ် မကေသီဂိတ်ရှိ အင်အား ၂၀ ခန့်အား ရှောင်တခင်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးခဲ့ပြီး နေပြည်တော် PDFဘက်မှ ထိခိုက် ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်ဆက်တိုက် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ခဲ့ကြသည်။

အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် သံတောင်ကြီးမြို့နယ် မင်းလမ်းတောင်အုပ်စု၊ ကျွဲကျကျေးရွာအထက်သို့ ရန်သူ့စစ်ကြောင်း စစ်ကြောင်းထိုးလာသဖြင့် အသင့်စောင့်ဆိုင်းနေသော နေပြည်တော် တပ်ရင်း (၈၀၁)၊ တပ်ခွဲ (၁) နှင့် မဟာမိတ် အထူးဒေသလက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ၁၂ ဦးခန့် သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ရေနီမြို့နယ်၊ စုစည်းကျေးရွာအနီး တောင်ခြေသို့ချီတက်လာသော ရန်သူ့စစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ညနေ ၅ နာရီခန့်တွင် ရန်သူ့ဘက်မှ အရပ်သားယောင်ဆောင်ကာ အလစ်ဝင်တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီဘက်မှထိခိုက်မှုမရှိဘဲ နေပြည်တော်) တပ်ရင်း (၈၀၁)၊ တပ်ခွဲ (၁) မှ ဆေးမှူး တပ်စုမှူး ကိုကိုအောင်(ခ) ကိုဇော်နှင့် တပ်ခွဲ (၄) မှ စိုးမင်းထွေး(ခ)ကိုသီဟတို့နှစ် ဦးထိခိုက် ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ် ဂွေးသဲဂိတ်စခန်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းစစ်ကောင်စီဘက်မှတစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် သံတောင်ကြီးမြို့နယ်ရှိ ချင်ပေါင်တောင်စစ်စခန်းအား ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာ၂၀ ရက် ည ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ဗောထိကုန်းကျေးရွာအနီး အမှတ် (၆၀၄) တပ်ရင်း၊ အမှတ် (၆၀၅) တပ်ရင်းနှင့် လေကြောင်းရန်တပ်ရင်းများသို့ ပေးပို့လျက်ရှိသော လျှပ်စစ်ပါဝါတိုင်ကြီးအား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့ကြောင့် အောက်တိုဘာလအတွင်း စစ်ရေးထိတွေ့မှုဖြစ်စဥ်များအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၉ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း၊မိမိတို့ဘက်မှလည်း နိုင်ငံနှင့်လူမျိုးအတွက် ရဲဘော်၂ဦး အသက်ပေးခဲ့ရကြောင်း နေပြည်တော် PDFက ပြည်သူများသို့ အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ