Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့ထွေအုပ်ရုံးအနီး ဗုံးအတုချထားပြီးစစ်ကောင်စီတပ်လာချိန်တွင် ဗုံးအစစ်ဖြင့်တိုက်ခိုက်

အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးရှိပခုက္ကူရွှေချောင်းတံတားကိုလည်း နှစ်ဖက်ပိတ်ကာ ဖြတ်သန်းသွားလာခြင်းခွင့်မပြူတော့ကြောင်း၊ အနီးရှိယာဥ်များကိုလည်း စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးအတုချပြီး စစ်ကောင်စီတပ်သားများရောက်လာချိန်တွင် မိုင်းအစစ်တစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ PPDFက အသိပေးသည်။

ယနေ့( နိုဝင်ဘာလ ၁ ရက်)နံနက် ၆ နာရီခန့်က ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဆောက်လုပ်ရေးရုံးအနီး၌ ဗုံးအတုတစ်လုံးချထားခဲ့ပြီး ယင်းနေရာသို့ ထွေအုပ်ရုံးအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့၀င်များလာရောက်စစ်ဆေးချိန်၌ အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ PPDF မြေပြင်တိုက်ခိုက်ရေးအဖွဲ့က အသိပေးသည်။

ထိခိုက်ပျက်စီးမှုအခြေအနေအားတိကျစွာမသိရှိရ‌သေး ပါကြောင်းနှင့် မျက်မြင်အချို့၏ ပြောဆိုချက်များ အရ စစ်ကောင်စီတပ်ဖွဲ့၀င် အချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ မြို့နေပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲရာနေရာများ၊ လက်အောက်ခံရုံးဌာနများနှင့် အနီး၀န်းကျင်သို့ သွားရောက်ခြင်းများ လုံး၀မပြုလုပ်ကြပါရန် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက မေတ္တာ ရပ်ခံသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးရှိပခုက္ကူရွှေချောင်းတံတားကိုလည်း နှစ်ဖက်ပိတ်ကာ ဖြတ်သန်းသွားလာခြင်းခွင့်မပြူတော့ကြောင်း၊ အနီးရှိယာဥ်များကိုလည်း စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၅ ရက်ကလည်း ပခုက္ကူမြို့တွင် ဗုံးအတုချထားပြီး အကြမ်းစစ်ကောင်စီတပ်ရောက်လာချိန်၌ ဗုံးအစစ်ခွဲကာတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။