စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သရက်ကန်ကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူသုံးဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံက ပြောသည်။
ယနေ့(နိုဝင်ဘာ ၁ရက်) မွန်းလွဲပိုင်းတွင် အင်အား ၁၅ဦးခန့်ပါသည့် စစ်ကောင်စီတပ်သည် ကားနှစ်စီးဖြင့် ရောက်လာပြီး အသက် ၂၃နှစ်အရွယ် ကိုဖြိုးဝေအောင်၊ အသက် ၂၈နှစ်အရွယ် ကိုချစ်ကိုနှင့် အသက် ၃၀အရွယ် ကိုရန်နိုင်တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့လာရောက်ပစ်ခတ်ခြင်းသည် စစ်ကောင်စီသတင်း ပေး ဒလန်၏ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်းဒေသခံက ပြောသည်။
စစ်ကောင်စီတပ်များသည် ခင်ဦးအပါအဝင် မြို့နယ်အတော်များများ၌ ကျေးရွာများကို ဝင်ရောက်စီး နင်းပြီး ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုမြောက် ကျူးလွန်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

Public Service Announcement


















































