Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တားဆီးဖို့ ကုလအထူးအစီရင်ခံစာတင်သွင်းသူ ထပ်မံတိုက်တွန်း

ကုလသမဂ္ဂအထွေထွေညီလာခံဟာ ပြီးခဲ့တဲ့ ဇွန်လက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရေးအဆိုကို ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ထန်တလန်ဖြစ်စဉ်ဟာ မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်တားဆီးဖို့ နောက်ထပ်အကြောင်းပြချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ပြောပါတယ်။

ချင်းပြည်နယ်မှာ လက်နက်ကြီးနဲ့ တပ်အမြောက်အများနေရာချထားပြီးနောက် ထန်တလန်မြို့ကို မီးတင်ရှို့မှုဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီ လိုအပ်နေတဲ့ ဝင်ငွေတွေနဲ့ လက်နက်စီးဆင်းမှုကို ကုလလုံခြုံရေးကောင်စီက ချက်ချင်းအရေးယူ၊ ရပ်တန့်ဖို့ နောက်ထပ် အကြောင်းပြချက်ဖြစ်တယ်လို့ Tom Andrews က တွစ်တာမှာ ရေးသားဖော်ပြပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံဟာ ပြီးခဲ့တဲ့ ဇွန်လက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရေးအဆိုကို ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေအရစည်းနှောင်မှုမရှိဘဲ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ် ချက်ကသာ စည်းနှောင်မှုရှိပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်ရတာဖြစ် တာကြောင့် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချမှတ်ဖို့ Tom Andrews အပါ အဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေက တောင်းဆိုတိုက်တွန်းနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှစ် ကျောင်းအပါအဝင် လူနေအိမ် ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook