Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားများက မုံရွာတွင် ဆိုင်ကယ်စီးလူငယ်သုံးဦးကို သေနတ်ဖြင့်ပစ်သတ်

“သေသွားကြတဲ့ကလေးတွေအလောင်းကိုစောင်နဲ့အုပ်ပြီးသယ်သွားကြတယ်၊နောက်ပြီးညရောက်တော့ အဲ့ရန်ကင်းရပ်ကွက်ရုံးနားကို အိမ်စီးကား နှစ်စီးနဲ့ပတ်နေတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

မုံရွာမြို့တွင်အာဏာသိမ်းစစ်ကောင်စီတပ်သားများက သွားလာနေသော ဆိုင်ကယ်တစ်စီးအားတားရာ ရပ်မပေး၍ ဟုဆိုကာလိုက်လံပစ်ခတ်ရာသဖြင့် လူငယ် ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၁ ရက် )ညနေ ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဘုရားနီလမ်းနှင့်အာဇာနည်လမ်းထောင့်တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများက လမ်းပေါ်တွင်ဆိုင်ကယ်စီးလာသောလူငယ်၃ဦး၏ ဆိုင်ကယ်ကိုတားရာ ရပ်မပေးသဖြင့် သေနတ်နှင့်လိူက်လံပစ်ခတ်ခဲ့သည်။ဆိုင်ကယ်မှာ အောင်သစ္စာလမ်းအတွင်းသို့မောင်းဝင်သွား၍ လိုက်လံပစ်ခတ်ရာ ရန်ကင်းရပ်ကွက်ရုံးအနီးအရောက်တွင် ပစ်ခတ်ခံရ၍ တစ်ဦးမှာ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ကြောင်း၊ ဆက်လက်မောင်းနှင်သွားသည့်ဆိုင်ကယ်အား လိုက်လံပစ်ခတ်ရာ ကျန်နှေစ် ဦးမှာ ဗိုလ်တေဇလမ်း အောင်ဆေးခန်းအနီးတွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မုံရွာဒေသခံများက ပြောသည်။

“သေသွားကြတဲ့ကလေးတွေအလောင်းကိုစောင်နဲ့အုပ်ပြီးသယ်သွားကြတယ်၊နောက်ပြီးညရောက်တော့ အဲ့ရန်ကင်းရပ်ကွက်ရုံးနားကို အိမ်စီးကား နှစ်စီးနဲ့ပတ်နေတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ယမန်နေ့နံနက်ပိုင်းကလည်း မုံရွာ ကမ်းနားလမ်း သလ္လာကျောက်ဆောင်ဆိပ်အနီးတွင် စစ်ကောင်စီတပ်သားများက အမျိုးသားနှစ်ဦးကို အိမ်စီးကားဖြင့်တိုက်၍ သေနတ်နှင့်လိုက်လံပစ်ခတ်ရာ အမျိုးသားတစ်ဦး လက်ကျည်ထိမှန်ပြီး မျက်နှာတစ်ခြမ်းစုတ်ပြတ်၍ ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။