Connect with us

Hi, what are you looking for?

News

ဖိနှိပ်မှုတွေပိုလုပ်နိုင်ဖို့ ရုပ်သံဥပဒေမှာ ထောင်ဒဏ်ထည့်ပြီး စစ်ကောင်စီခေါင်းဆောင်ပြင်ဆင် အင်တာနက်ကတဆင့် ရုပ်သံထုတ်လွှင့်တာကိုပါအရေးယူဖို့ ပြန်ဆင်

အခုစစ်ကောင်စီခေါင်းဆောင် ရဲ့ ပြင်ဆင်ချက်မှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ဒဏ် ကို ထည့်သွင်း လိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်အောင် ပြင်ဆင်လိုက်တာပါ။

အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုတွေ လုပ်နိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဟာ ဖိနှိပ်မှုတွေကို ထပ်မြှင့်ဖို့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို နိုဝင်ဘာလ ၁ ရက် ရက်စွဲနဲ့ ပြင်ဆင်လိုက်ပါတယ်။

အဲဒီဥပဒေကို ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ပြစ်မှု ပြစ်ဒဏ်ပိုင်းမှာ ထောင်ဒဏ်ထည့်သွင်းမထားခဲ့ပါဘူး။

အခုစစ်ကောင်စီခေါင်းဆောင် ရဲ့ ပြင်ဆင်ချက်မှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ဒဏ် ကို ထည့်သွင်း လိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်အောင် ပြင်ဆင်လိုက်တာပါ။

အရင် ဥပဒေပြဌာန်းချက်အရ ရုပ်မြင်သံကြားနဲ့အသံလွှင့်ခြင်း ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အင်တာနက်မှ တဆင့် ထုတ်လွှင့်တာအကျုံးဝင်ခြင်းမရှိစေရလို့ ပြဌာန်းထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီ ခေါင်းဆောင်ဟာသတင်းအချက်အလက်စီးဆင်းမှုကို ကန့်သတ်လိုတဲ့အတွက် သူရဲ့ ပြင်ဆင်ချက်မှာ အဲဒီအချက်ကို ပယ်ဖျက်လိုက်တာတွေ့ရပါတယ်။

ဒါအပြင် တရားရုံးရဲ့ဖမ်းဝရမ်းမပါဘဲဖမ်းခွင့်ရှိအောင်ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ပါပြစ်မှုတွေကို ရဲအရေးပိုင် အဖြစ် သတ်မှတ်လိုက်တာလည်းတွေ့ရပါတယ်။

ဒါကြောင့် ဒီဥပဒေကို ပြင်ဆင်လိုက်တာဟာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်ကျုးလွန်မှုတွေကို ဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပြင် အခင်းဖြစ်ရပ်တွေကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်မှာ ချပြသူတွေကိုပါ အရေးယူနိုင်အောင်ပစ်မှတ်ထားတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဧည့်စာရင်းတိုင်ဖို့ အပါအဝင် ဆန့်ကျင်သူတွေကို ထောင်ပိုချနိုင်အောင် ဥပဒေတွေပြင်ဆင်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။