Connect with us

Hi, what are you looking for?

News

တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ပို့ကုန်ရငွေဒေါ်လာသန်း၁၀၀ ပြည်တွင်းပြန်ယူမလာလျှင်တရားစွဲမည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်ခြိမ်းခြောက်

အခုဗဟိုဘဏ်က ဒေါ်လာအရံငွေပြတ်တော့မယ်ဆိုတော့ ပို့ကုန်လုပ်ငန်းရှင်တွေကို တင်းကျပ်လာတဲ့ သဘောပဲ။ လုပ်ငန်းရှင်တွေကလဲ ကျပ်ငွေက မတည်ငြိမ်တော့ ပို့ကုန်ရငွေတွေကို ပြည်တွင်းမယူလာချင်ကြဘူး။ ပြည်တွင်းမှာက ဒေါ်လာငွေပြတ်လပ်တော့မယ့် ခေါင်းလောင်းသံပေါ့

အခုဗဟိုဘဏ်က ဒေါ်လာအရံငွေပြတ်တော့မယ်ဆိုတော့
ပို့ကုန်လုပ်ငန်းရှင်တွေကို တင်းကျပ်လာတဲ့ သဘောပဲ။ ပြည်တွင်းမှာက ဒေါ်လာငွေပြတ်လပ်တော့မယ့်ခေါင်းလောင်းသံပေါ့” -ပို့ကုန်လုပ်ငန်းရှင်တစ်ဦး

လက်ပံတောင်းတောင်တွင်စစ်ကောင်စီ၏ မြန်မာစီးပွားရေးဦးပိုင်နှင့်အတူ ကြေးနီးတူးဖော်နေသည့် တရုတ်ကုမ္ပဏီ Wanbao Mining Copperကို ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ကျော် ပြည်တွင်းကို ပြန်လည်မယူလာလျှင် တရားစွဲမည်ဟု စစ်ကောင်စီဗဟိုဘဏ်က နိုဝင်ဘာ ၂ ရက်တွင် ခြိမ်းခြောက်လိုက်သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းရှိ ကုမ္ပဏီ ၆၆၃ ခုကို ၂၀၁၉ ခုနှစ်တွင် ပို့ကုန်တင်ပို့ပြီးရငွေ ဒေါ်လာ ၅၇၆ သန်းပြန်ဝင်ရောက်ရန် ကျန်နေသေးသည်ဆိုကာ အရပ်သားအစိုးရ လက်ထက်က အကြွေးများကိုပင် ရက်ပေါင်း ၃၀အတွင်းယူဆောင်လာရမည်ဟု ဖိအားပေးလာခြင်းဖြစ်ပြီး ထိုစာရင်းတွင်တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီပါဝင်လာခြင်းဖြစ်သည်။ ထိုကုမ္ပဏီများသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ မိမိပို့ကုန်ရငွေဝင်ရောက်သည့် ဘဏ်နှင့် စာရင်းရှင်းလင်းရန် စစ်ကောင်စီကဖိအားပေးထားသည်။

ဝမ်ပေါင်ကုမ္ပဏီသည် ပြည်တွင်းကို ဒေါ်လာသန်း ၁၀၃ သန်းကျော်ယူဆောင်လာရမည်ဖြစ်ပြီး ၎င်းပမာဏသည့် စစ်ကောင်စီဗဟိုဘဏ်က နိုဝင်ဘာ ၂ ရက်တွင်ထုတ်ပြန်သည့် ပမာဏ၏ ၁၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်သည်။ အဆိုပါကုမ္ပဏီများသည် ရက်ပေါင်း ၃၀အတွင်း ပြည်တွင်းသို့ ၎င်းတို့ပို့ကုန်ရငွေများ ယူဆောင်လာရမည်ဖြစ်ပြီး မယူဆောင်လာပါက ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းအပြင် နိုင်ငံခြားငွေသုံးငွေစီမံခန့်ခွဲမူ ဥပဒေနှင့်ပါ အရေးယူမည်ဟုခြိမ်းခြောက်ထားသည်။ စစ်ကောင်စီပြင်ဆင်ပြဌာန်းထားသောနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေအရ ပို့ကုန်ရငွေများပြန်လည်မယူဆောင်လာပါက ထောင်ဒဏ် တစ်နှစ်(သို့မဟုတ်) ငွေဒဏ်ချမှတ်နိုင်သည်ဟုဆိုထားပြီးဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်ဟုပြဌာန်းထားသည်။

Public Service Announcement

Public Service Announcement

ဝမ်ပေါင် ကုမ္ပဏီသည် စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်တွင် စစ်တပ်၏မြန်မာစီးပွားရေးဦးပိုင်၊အစိုးရနှင့် ၂၀၁၁ မှစ၍ ဖက်ဆစ် ကြေးနီတူးဖော်ထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ဝမ်းပေါင် ကုမ္ပဏီသည် တရုတ်ဘေဂျင်းအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရပိုင် The China Ordnance Industries Group Corporation Limited ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။

ပို့ကုန်ဝင်ငွေပြန်ယူလာရန်တောင်းခံသောကုမ္ပဏီများတွင် အကြမ်းဖက်စစ်တပ်အောက်ခံကုမ္ပဏီများဖြစ်သည့် မြန်မာဘီယာထုတ်လုပ်သည့် Brewery ကုမ္ပဏီ၊မြဝတီထရိန်းဒင်းကုမ္ပဏီများလည်းထူးဆန်းစွာပါဝင်နေသည်။ မြဝတီထရိန်းဒင်းကုမ္ပဏီသည် ပြည်တွင်းကို ဒေါ်လာ ၅သန်းခန့်ပြန်လည်ယူဆောင်လာရမည်ဖြစ်သည်။

“အခုဗဟိုဘဏ်က ဒေါ်လာအရံငွေပြတ်တော့မယ်ဆိုတော့ ပို့ကုန်လုပ်ငန်းရှင်တွေကို တင်းကျပ်လာတဲ့ သဘောပဲ။ လုပ်ငန်းရှင်တွေကလဲ ကျပ်ငွေက မတည်ငြိမ်တော့ ပို့ကုန်ရငွေတွေကို ပြည်တွင်းမယူလာချင်ကြဘူး။ ပြည်တွင်းမှာက ဒေါ်လာငွေပြတ်လပ်တော့မယ့် ခေါင်းလောင်းသံပေါ့”ဟု ရန်ကုန်အခြေစိုက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ပြီး ၉လအတွင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကို ပြည်တွင်းသို့ပြန်ယူလာရန်၊ရောင်းချရန် ပုံစံမျိုးစုံဖြင့်ဖိအားပေးနေသည်။ ပို့ကုန်ရငွေများကိုလည်း ပြည်တွင်းသို့မဖြစ်မနေယူဆောင်လာရန်နှင့် ပြည်တွင်းဘဏ်များသို့ ရောက်ရှိပါကလည်း ရက်ပေါင်း ၃၀အတွင်း မဖြစ်မနေရောင်းချရန် ဖိအားပေးနေခြင်းဖြစ်သည်။ ယခုအခါစစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကုန်သွယ်မှုကိုသာမကဘဲ လွန်ခဲ့သော ၂ နှစ်က ပို့ကုန်ရငွေများကိုပါပြည်တွင်းယူလာရန်ဖိအားပေးလာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က လက်ရှိဈေးကွက်အတွင်းဒေါ်လာရောင်းဝယ်မူကို ထိန်းချုပ်ထားပြီး စက်သုံးဆီ၊စားအုန်းဆီနှင့်ဆေးဝါးများအတွက်သာ ဒေါ်လာကို အချိုးကျသတ်မှတ်သည့် ပမာဏအတိုင်းသာ ထုတ်ရောင်းပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။