Connect with us

Hi, what are you looking for?

News

ကိုဗစ်အတွက် IMF ကပေးတဲ့ ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီလက်ထဲပျောက်ဆုံး

ဒီငွေကို အာဏာမသိမ်းခင်ရက်ပိုင်းက မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်ထဲရောက်သွားတာပါ။

ဓာတ်ပုံ − AFP

ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF ) က မြန်မာနိုင်ငံကို ပေးတဲ့ အမေရိကန် ဒေါ်လာ ၃၇၂ သန်းဟာ စစ်ကောင်စီလက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ IMF က ထုတ်ပြန်ပါတယ်။

ဒီငွေကို အာဏာမသိမ်းခင်ရက်ပိုင်းက မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်ထဲရောက်သွားတာပါ။

ဒါပေမယ့် ၈ လတာကြာမြင့်လာတဲ့အထိ သုံးစွဲတဲ့ ငွေစာရင်းတွေကို စစ်ကောင်စီဘက်က ရှင်းလင်းတာမရှိလို့ ပျောက်ဆုံးနေတဲ့အကြောင်း IMF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျယ်ရီရိုက်က နိုဝင်ဘာလ ၃ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒါအပြင် ဒီငွေတွေကို IMF ရည်ရွယ်ထားတဲ့ အတိုင်း ကိုဗစ်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီဟာ သုံးမသုံးဆိုတာကိုလည်း မသိနိုင်ဘူးလို့ ဂျယ်ရီရိုက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NLD အရပ်သားအစိုးရလက်ထက်မှာ တော့ ကိုဗစ်တိုက်ဖျက်ရေးအတွက် IMF က ထောက်ပံ့ပေးခဲ့တာရှိပြီး အဲဒီတုန်းက အစိုးရဟာ သုံးစွဲသမျှစာရင်းတွေကို ထုတ်ပြန်ပေးခဲ့တယ်လို့ IMF က ပြောထားပါတယ်။

လက်ရှိစစ်ကောင်စီလက်ထက်မှာတော့ IMF ရဲ့မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုအစီအစဉ်တွေကို ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။