Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင် သုံးနာရီကြာတိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဟု CDF ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာနေရာသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့၊ ဖုံတွီကျင်းရပ်ကွက် အထက်ပိုင်းဖြစ်သည်ဟု ဒေသခံကာကယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

People's Spring
People's Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ဒေသခံကာကွယ် ရေးတပ်ဖွဲ့(CDF)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား ၃ နာရီကြာတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သည်ဟု CDF (ကန်ပက်လက်)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖုံတွီကျင်းရပ်ကွက်အထက်ပိုင်းရှိ CDF(ကန်ပက်လက်)၏ ထိန်းချုပ်နယ်မြေသို့ မော်တော်ဆိုင်ကယ်များဖြင့်ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် ယနေ့(နိုဝင်ဘာ ၄ ရက်)နံနက်၈နာရီမှ ၁၁ နာရီအထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CDF(ကန်ပက်လက်)က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့၊ ဖုံတွီကျင်းရပ်ကွက် အထက်ပိုင်းဖြစ်သည်ဟု ဒေသခံကာကယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအတွင်း CDF ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ကန်ပက်လက်မြို့နယ် လောင်းရှည်နှင့် ကျင်ဒွေးမြို့ကြားကို ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် စက်တင်ဘာ ၃၀ ရက်ကတည်းက CDF(ကန်ပက်လက်) တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။