Connect with us

Hi, what are you looking for?

News

မြင်းမူ ၊ မြစ်ခြေနှင့် မုံရွာတို့တွင် ပျူစောထီးနှင့် စစ်ကောင်စီသတင်းပေးဆိုသူများအသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင်လည်း ဆန္ဒပြလူငယ်များနှင့် တော်လှန်ရေးအင်အားစုများအား စစ်ကောင်စီထံသတင်းပေးခဲ့သည်ဆိုသော လင်မယားအား ပခုက္ကူ PDFကသေနတ်ဖြင့်ပစ်၍ သတ်ခဲ့သည်ဟု ပခုက္ကူ PDF ကဆိုသည်။

မြင်းမူ ၊ပခုက္ကူ မြစ်ခြေနှင့် မုံရွာမြို့နယ်များရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ပျူစောထီးခေါင်းဆောင်နှင့်စစ်ကောင်စီသတင်းပေးများ ဆက်တိုက် သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မြင်းမူမြို့နယ်တွင်ယနေ့မွန်းလွှဲ ၁၂ နာရီဝန်းကျင်က မဲနောကျေးရွာတွင်နေထိုင်သော စစ်ကောင်စီခန့်ထားသည့် အသက်(၅၀)ခန့်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တင်ဝင်းဇော်ဆိုသူသည် နေအိမ်တွင် ပစ်ခတ်ခံရပြီး လည်ပင်းနှင့်ခါးတွင်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် ကျေးရွာတွင် ပျူစောထီးခေါင်းဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး ပျူစောထီးအဖွဲဝင်များအား လက်နက်သင်တန်းပေးခြင်း နှင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် ဆောင်ရွက်နေသည်ဟု ပြည်သူများ၏တိုင်ကြားချက်အရ သေချာစွာ စုံစမ်း စိစစ်ပြီး သက်သေခိုင်လုံသော
ကြောင့်မြင်းမူလျှပ်စီးအဖွဲ့ကသေနတ်ဖြင့်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ကထြတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင်လည်း ဆန္ဒပြလူငယ်များနှင့် တော်လှန်ရေးအင်အားစုများအား စစ်ကောင်စီထံသတင်းပေးခဲ့သည်ဆိုသော လင်မယားအား ပခုက္ကူ PDFကသေနတ်ဖြင့်ပစ်၍ သတ်ခဲ့သည်ဟု ပခုက္ကူ PDF ကဆိုသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၌ ဆန္ဒပြလူငယ်များအား အသက်သေဆုံးသည်အထိ စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ခြင်း၊ မြစ်ခြေမြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများရှိ တက်ကြွသော တော်လှန်ရေးအင်အားစုများအားစစ်ကောင်စီထံ သတင်းပေးလုပ်ခြင်းများဆောင်ရွက်ခဲ့သော မြစ်ခြေမြို့နေ မြင့်ဝင်းနှင့်ဇနီးအား ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်များမှ ယမန်နေ့ နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၂း၃၀ ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့ကြောင်း ပခုက္ကူ PDFက အသိပေးသည်။

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ဆက်လက် ပူးပေါင်းနေကြသော ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ သတင်းပေးဒလံများအနေဖြင့် ပြည်သူနှင့်တသားတည်း အမြန်ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းကြောင်း၊ ပြည်သူ့အား မျက်နှာမမူသောဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ပခုက္ကူ PDF နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ယခုကဲ့သို့ ထပ်မံဆောင်ရွက်ရလိမ့်မည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

အလားတူ ယနေ့နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မုံရွာမြို့၊ ပြည်တော်သာရပ်(အက်တော)တွင် စစ်တပ်ထောက်လှမ်းရေးသတင်းပေး ဒေါ် ကေသွယ်ခိုင်အား South Monywa PDF, Monywa UG Group နှင့် Monywa Heroes Group တို့ ပူးပေါင်း၍စစ်ရေးလိုအပ်ချက်အရ သုံးချက်ပစ်၍ ရှင်းလင်းသုတ်သင်လိုက်ကြောင်း ၎င်းတို့ကအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။